Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ...

ဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ ထုတ်ပြန်ပြီးတဲ့နောက် ဒေါ်လာဈေး (၁) ဒေါ်လာ (၂၃၀၀) ကျော်အထိ မြင့်တက်

ဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ ထုတ်ပြန်ပြီးတဲ့နောက် ဒေါ်လာဈေး  (၁) ဒေါ်လာ (၂၃၀၀) ကျော်အထိ မြင့်တက်

မြန်မာနိုင်ငံ ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း နိုင်ငံခြား ငွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ ကန်ဒေါ် လာဈေးတွေ မြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံခြားတွေနှင့် ပတ်သက်သည့် ကန့်သတ်ချက်အချို့ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံသား ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်းအတွင်းရှိ ဒေါ်လာများကို မြန်မာငွေသို့ မဖြစ်မနေပြောင်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” မနက်စောစောမှာ (၂၂၄၀) ပတ်လည်လောက်ကနေ နေ့ လယ်ပိုင်းမှာ (၂၃၀၀) ကျော်အထိ တက်သွားတယ်” ဟု ရန်ကုန်မြို့မှ ငွေကြေးလုပ်ငန်းနှင့် ပြည်ပငွေသွင်းငွေထုတ် လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်စွာက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗဟိုဘဏ်၏ ညွှန်ကြားချက်များတွင် ယခင်က ကင်းလွတ်ခွင့်ပြုထားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္မဏီများ၏ ငွေစာရင်းအတွင်းမှ နိုင်ငံ ခြားငွေ များကို မြန်မာကျပ်ငွေသို့ ပြန်လဲရမည့် ကိစ္စကို ပြန်လည် ပယ်ဖျက်သည့် ညွှန်ကြားချက်လည်း ပါဝင်သည်။

ထို့အပြင် ပြည်ပသို့ ပေးရမည့် ကြွေးမြီများကိုလည်း ပေးချေခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် စသည့် နိုင်ငံခြားငွေနှင့် ပတ်သက်သည့် ဗဟိုဘဏ်၏ ညွှန်ကြားချက်များကြောင့် ယခုလို ဒေါ်လာဈေးနှုန်း ဂယက်ထ လာခြင်း ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်မှုများရှိသည်။

ဟုတ်ပါတယ်။ ဗဟိုဘဏ် ထုတ်ပြန်ချက်တွေရဲ့ နောက် ဆက်တွဲ ရိုက်ခတ်မှုပေါ့။ ဘယ်လောက်အထိ တက်ဦးမလဲ မခန့်မှန်း နိုင်ဘူး” ဟု ကိုကျော်စွာက ပြောသည်။

ပြင်ပဈေးကွက်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက (၁) ဒေါ် လာလျင် မြန်မာကျပ်ငွေ( ၂၁၅၀) ဝန်းကျင်ပေါက်ဈေး ရှိနေရာမှ ယနေ့ ညနေပိုင်းတွင်( ၂၃၅၀) အထိ မြင့်တက်လာကြောင်း ပြည်တွင်း ငွေလဲကောင်တာများနှင့် နှီးစပ်သူ သတင်းရင်းမြစ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေသို့ မဖြစ်မနေ လဲလှည်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားပြီး ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁၈၅၀) အဖြစ် ရည်ညွှန်း သတ်မှတ်ထားသည်။

နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်ရာတွင်လည်း ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို ကန်ဒေါ်လာဖြင့်သာ ငွေပေးချေရန်လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071