Thursday, April 30, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး...

ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ (၁၁) ရပ် ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အုပ် ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လူ(၄) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (၁၅) ရက် ညနေ (၄) နာရီခွဲ ဝန်းကျင်က ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းပေါ်ရှိ ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပိုင့်ဆောင်ခဲ့ကြောင်း သိရသည်။

” ၄ ယောက်လောက်အနည်းဆုံး ထိသွားတယ်။ သေကုန်သလားတော့ မသိဘူး။ အသံကအကျယ်ကြီးပဲ။ နားတွေတောင် အူတယ်။ လူနာတင် ယာဉ်နဲ့ အရေးပေါ် သယ်သွားတာပဲ” ဟု အနီးပတ်ဝန်းကျင်မှ ပြည်သူ တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လယ်ပိုင်းမှ စတင်၍ ဧည့်စာရင်းတိုင်းခြင်းကို နေ့စဉ်‌လုပ်ဆောင်ပေးနေရာ ရပ်ကွက်အတွင်းမှ ပြည်သူအများစုက စီတန်း၍ ဧည့်စာရင်းတိုင်ခြင်းများ လုပ်ဆောင်လျက်ရှိချိန် ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ညနေ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မဲစာရင်းစစ်ဆေးသူများလည်း အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍ မရကြောင်းလည်း အနီးပတ်ဝန်းကျမှ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

” ဧည့်စာရင်း တိုင်ဖို့ ဆယ်အိမ်မှူးတွေ ၊ ရာအိမ်မှူးတွေ ၊ လေးငါးယောက်နဲ့ အုပ်ချုပ်ရေးမှူးက အပြင်မှာ အမြဲတမ်း ခုံနဲ့ထိုင်ပြီး နေနေတာ။ အခုပေါက်တဲ့အချိန် ရုံးထဲမှာ မဲစာရင်း စစ်တဲ့ လူတွေလည်း ရှိတယ်လို့ပြောတယ်။ ဘယ်သူတွေ ထိမှန်းမသိဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသို့ စစ်တပ်နှင့် ရဲ အင်အား အများအပြားဖြင့် ရောက်ရှိကာ လမ်းပိတ်ဆို့၍ လမ်းသွားလမ်းလာ ဆိုင်ကယ်များနှင့် ကားများကိုပါ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071