Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsမြန်မာနိုင်ငံရှိ နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နေမှုအားတိုးမြှင့်၍...

မြန်မာနိုင်ငံရှိ နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နေမှုအားတိုးမြှင့်၍ စိန့်ပီတာစဘတ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်

မြန်မာနိုင်ငံရှိ နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နေမှုအားတိုးမြှင့်၍ စိန့်ပီတာစဘတ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်

စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အကြီးအကဲ Mr. Alexander Beglov နှင့် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဇူလိုင် ၁၄ ရက်ကတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။


ရုရှား-မြန်မာ နှစ်နိုင်ငံ ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းသည် နှစ်ပေါင်း ၇၅ နှစ်ကျော်သက်တမ်းရှိပြီဖြစ်ကြောင်း စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အကြီးအကဲ Mr. Alexander Beglov ကပြောသည်။


ထို့ပြင် စိန့်ပီတာစဘတ်မြို့အခြေစိုက်ကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်လိုကာ ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေး၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ် ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် နစက မှ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ဦးတည် ချက် ၉ ရပ်အပြင် ကောင်းမွန်သည့်မူဝါဒများ ချ မှတ်၍ နိုင်ငံအေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။


အလားတူ ရုရှားနိုင်ငံမှ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေပြီး ဇူလိုင်လ ၁ ရက်တွင် မြန်မာနိုင်ငံမှရုရှားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သဖြင့် ရုရှားနိုင်ငံသားများအားလုံးကိုယ်စား ကျေးဇူး တင်ရှိသည်ဟု အစိုးရအဖွဲ့အကြီးအကဲ Mr. Alexander Beglov ကဆွေးနွေးပြောကြားခဲ့သည်။


ထို့အတူ စိန့်ပီတာစဘတ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရန် အမြန်ဆုံး အ ကောင်အထည်ဖော်သွားမည်ဖြစ်ကာ State level ၊ Regional level ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံပူး ပေါင်းဆောင်ရွက်မှုများအား ပိုမိုတိုးမြှင့်ခိုင်မာအောင်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ 


တွေ့ဆုံဆွေးနွေးပွဲတွင် နစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင် မန်းငြိမ်းမောင်၊တွဲဖက်အတွင်းရေး မှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်စစ်ဘက်၊နယ် ဘက်မှအရာရှိကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။


ထို့အတူ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အကြီးအ ကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌနှင့်စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်အ ရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071