Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeInternationalဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု...

ဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု မြင့်မား

ဗြိတိန်တစ်ဝှမ်း အိုမီခရွန်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှု မြင့်မား

ကိုဗစ်ရောဂါကူးစက်မှုနှုန်းကို ပြသသည့် အချက်အလက်သစ်များအရ ကိုရိုနာဗိုင်းရပ်ရောဂါ အိုမီခရွန်မျိုးကွဲများသည် ဗြိတိန်နိုင်ငံ တစ်ဝှမ်းတွင် ဆက်လက်ပျံ့နှံလျက်ရှိနေကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့ အကုန်တွင် စစ်ဆေးခဲ့သော စစ်ဆေးချက်အရ ခန့်မှန်းခြေ လူ ၂၅ ဦး၌ တစ်ဦးသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်သဖြင့် တစ်နိုင်ငံလုံး ကူးစက်သူဦးရေ ၂၁ သန်းကျော်ရှိကြောင်း အမျိုးသားစာရင်းအင်းရုံး ONS ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းအရ ဗြိတိန်တစ်ဝှမ်း အသက်အရွယ်အားလုံးတွင် ကူးစက်မှု မြင့်မားနေပြီး စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့တွင် ကူးစက်ခံရမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း တွေ့ရသည်။

ONS၏ အချက်အလက်များသည် လူဦးရေမည်မျှ ဗိုင်းရပ်စ်ကူးစက်ခံနေသည်ကို ခန့်မှန်းခြေ သိရှိရန် ထောင်ပေါင်းများစွာသော ကိုယ်ပိုင်အိမ်များကို စစ်ဆေးခဲ့ရာမှ စုဆောင်းထားခြင်းဖြစ်သည်။

 စစ်တမ်းများအရ အိုမီခရွန်မျိုးကွဲသစ် BA.4 နှင့် BA.5 တို့၏ ကူးစက်မှုများကြောင့် ယခုကဲ့သို့ မြင့်တက်လာကြောင်း အဆိုပါစစ်တမ်းအတွက် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များကို ဦးစီးရသည့် ဆာရာ ခရော့ဖ် ကပြောကြားခဲ့သည်။

ကာကွယ်ဆေးမထိုးရသေးသူများသည် ပြန်လည်ကူးစက်နိုင်ခြေပိုများ၍ အသက်ငယ်ရွယ်သူများ သို့မဟုတ် ပထမဆုံးအကြိမ် ကူးစက်ခံရသူများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လက္ခဏာမပြကြောင်း သိရသည်။

Warwick ဆေးကျောင်းမှ ဗိုင်းရပ်စ်ဗေဒပညာရှင်နှင့် မော်လီကျူးကင်ဆာဗေဒ ပါမောက္ခ လောရန့်စ် ယန်း က အိုမီခရွန်မျိုးကွဲများဖြစ်သည့် BA.4 နှင့် BA.5 တို့သည် ကူးစက်နိုင်မှု အလွယ်ကူဆုံးသော မျိုးကွဲများ ဖြစ်သည်ဟု ဆိုသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဗြိတိန်သည် ကိုဗစ်ရောဂါ စံချိန်တင်ဖြစ်ပွားမှုဆီသို့ ဦးတည်နေပြီး ဤထူးခြား၍ လျင်မြန်သော ကူးစက်မှုနှုန်းကြောင့် ကာကွယ်ဆေးအပြည့်ထိုးမထားသူများသည် ပြင်းထန်သောနာမကျန်းဖြစ်မှုဒဏ်ကို မလွှဲမသေခံစားရမည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ 

Source: Chinadaily

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071