YBS ယာဥ်မောင်း ၈၀၀အတွက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)နှစ်ရက်ဆက်တိုက်ထိုးနှံပြီးစီး

0
177

YBS ယာဥ်မောင်း ၈၀၀အတွက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)နှစ်ရက်ဆက်တိုက်ထိုးနှံပြီးစီး

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBSယာဥ်မောင်း ၈၀၀ ဦးအားကိုဗစ် ၁၉ ကူးစက်မြန်ရောဂါကာကွယ်ဆေးဖြစ်သော ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)နှစ်ရက်ဆက်တိုက် ထိုးနှံပြီးစီးခဲ့ကြောင်း YRTCတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယနေ့ ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။

” ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနှစ်ရက်ဆက်တိုက်ထိုးနှံပေးခဲ့ပါတယ်။ ယာဥ်လိုင်းအားလုံးမှာရှိတဲ့ ယာဥ်မောင်တွေကိုစာရင်းကောက်ယူပြီးတော့ထိုးနှံပေးခဲ့တာပါ။ ယာဥ်မောင်း ၈၀၀ လောက်ကို ထိုးနှံပေးပြီးပါပြီ”ဟု ဆိုသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးမှုကို ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကိုထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း(၁၁၆)လိုင်းမှ ယာဉ်အစီးရေ (၃၁၉၄)စီးဖြင့် ခရီးသွားပြည်သူ(၁၁၃၃၅၄၀)ဦးအား ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here