တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရပြီး နေအိမ်သို့ ‌ခေတ္တပြန်လာသည့် တပ်မတော် အရာရှိတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
165

တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရပြီး နေအိမ်သို့ ‌ခေတ္တပြန်လာသည့် တပ်မတော် အရာရှိတစ်ဦး သေနတ်ဖြင့်  ပစ်ခတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊  ချမ်းမြသာစည်မြို့နယ်တွင် နေ အိမ်သို့ ‌‌ ခေတ္တပြန်လည်ရောက်ရှိနေသည့် တပ်မတော်မှ အ ရာရှိတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ဇူလိုင်လ (၉) ရက် နံနက် (၈) နာရီဝန်းကျင်က ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း /၅၅လမ်း ကြား၊ ၁၀၈ ဘီလမ်းပေါ်ရှိ နေအိမ်တစ်လုံးတွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” မနက်ကတော့ တကယ့်ပွဲပဲ။ အိမ်ထဲအထိ ဝင်ပစ်တာ။ လေးငါးချက်ပဲ ။ ကိုယ်တို့နဲ့က မလှမ်းမကမ်းတင်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့။ အမွှေခံရတာပေါ့။ သေတော့ မသေဘူး ။ ပေါင်ထိတယ် ကြားတယ်” ဟု အနီးပတ်ဝန်း ကျင်မှ ဒေသခံ သတင်း ရင်းမြစ်က ပြောသည်။

ပစ်ခတ် ခံရသူသည် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသည့်  အောင်ဟိန်းသန့် ဆိုသူဖြစ်ပြီး ၎င်းမှာ တာဝန်ထမ်းဆောင်စဉ် ဒဏ် ရာရရှိသဖြင့် ဆေးကုသမှုခံယူကာ မန္တလေးမြို့ရှိ နေအိမ်သို့ ခေတ္တပြန်လည် ရောက်ရှိနေစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 ဗိုလ်ကြီး အောင်ဟိန်းသန့်အား နေအိမ်တွင် ထိုင်နေစဉ် သေနတ်သမားက ဝင်ရောက်လာကာ သေနတ်ဖြင့် (၄) ချက်ပစ်ခဲ့ခြင်းဖြစ်ပြီး ဝဲဘက်ပေါင် ဖောက်ထွက် ဒဏ်ရာရရှိရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here