Wednesday, May 6, 2026

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...
HomeNewsLocal Newsဇန်နဝါရီမှ မတ်လအထိ ကဏ္ဍ...

ဇန်နဝါရီမှ မတ်လအထိ ကဏ္ဍ (၆) ခုအတွက် ကျပ် ၅၆. ၄၂၄ ဘီလီယံ အခွန်ကင်းလွတ်ခွင့်ပြုခဲ့

ဇန်နဝါရီမှ မတ်လအထိ ကဏ္ဍ (၆) ခုအတွက် ကျပ် ၅၆. ၄၂၄ ဘီလီယံ အခွန်ကင်းလွတ်ခွင့်ပြုခဲ့

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အခွန်ပမာဏ စုစု ပေါင်း ကျပ် (၅၆.၄၂၄) ဘီလီယံ အခွန်ကင်းလွတ်ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ကင်းလွတ်ခွင့်ပြုသည့် ကဏ္ဍများမှာ MIC မှ ခွင့်ပြုထားသည့် ကုမ္ပဏီများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ NGO, INGO အဖွဲ့များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများသို့ သက်သေခံ လက်မှတ်ထုတ်‌ေပးသည့်တန်ဖိုးနှင့် အထူးစီးပွားရေးဇုန် (သီလဝါ)သို့ ကင်းလွတ်ခွင့် ပြုခြင်း စသည့် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကဏ္ဍများတွင် MIC မှ ခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်ပြုသည့် ပမာဏမှာ ကုန်ပ စ္စည်းတန်ဖိုး ကျပ်ငွေ ၁၂၅.၃၁၄ ဘီလီယံအတွက် ကုန် သွယ်ခွန် ၆.၄၉၆ ဘီလီနှင့် အကောက်ခွန် ၄.၄၀၉ ဘီလီယံနှင့် စုစုပေါင်း ကျပ်ငွေ ၁၀.၉၀၅ ဘီလီယံ ကင်းလွတ် ခွင့် ပြုခဲ့ကောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များသို့ ကင်းလွတ်ခွင့်ပြုသည့် ပမာဏမှာ ကုန်ပစ္စည်းတန်ဖိုး ၂၁၀.၀၉၈ ဘီလီယံအတွက် ကုန် သွယ်ခွန် ၀.၄၃၃ ဘီလီယံနှင့် အကောက်ခွန်အတွက် ၁ .၄၀၁ ဘီလီယံ စုစုပေါင်း ၁.၈၃၄ ဘီလီယံ ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

NGO နှင့် INGO အဖွဲ့အစည်းများအတွက် ကုန်ပစ္စည်းတန် ဖိုး ၁၃.၅၈၄ ဘီလီယံအတွက် ကုန်သွယ်ခွန် ၀.၀၃၇ ဘီလီယံ ၊ အကောက်ခွန် ၀.၄၇၈ ဘီလီယံ စုစုပေါင်း ၀.၅၁၅ ဘီလီယံခန့် ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း အကောက်ခွန်ဌာမှ သိရသည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးဌာနများသို့ သက်သေခံလက်မှတ် ထုတ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပြုခဲ့သည့် ပ မာဏမှာ ၂၇.၄၆၈ ဘီလီယံ ရှိပြီး သီလဝါ အထူးစီးပွား ရေးဇုန်မှ ကုန်ပစ္စည်းတန်ဖိုး ၁၃၆.၅၁၇ ဘီလီယံအတွက် အခွန်ကင်းလွတ်ခွင့် ပြုသည့် ပမာဏမှာ ကုန်သွယ်အနေ ဖြင့် ၈.၈၇၈ ဘီလီယံ နှင့် အကောက်ခွန်အနေဖြင့် ၆.၈၂၄ ဘီလီယံ ဖြင့် စုစုပေါင်း ၁၅.၇၀၂ ဘီလီယံ ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး ဦးတည် ချက် (၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့်နှင့် အ ခွန်လျှော့ပေါ့ခွင့်တို့ကို စိစစ်ဆောင်ရွက် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071