Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsရှို့‌မီးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့်...

ရှို့‌မီးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် စက်ရုံဝန်ထမ်း ၁၀၀၀၀ ကျော်အား လူမှုဖူလုံရေးငွေ ကျပ်သန်း ၈၀၀ ကျော်ထောက်ပံ့

ရှို့‌မီးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် စက်ရုံဝန်ထမ်း ၁၀၀၀၀ ကျော်အား လူမှုဖူလုံရေးငွေ ကျပ်သန်း ၈၀၀ ကျော်ထောက်ပံ့

၂၀၂၂ ခုနှစ်အထိ ရှို့မီးကြောင့် မီးလောင် ဆုံးရှုံးခဲ့သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ် သမားများကို ‌ငွေကျပ် ၈၃၄ သန်းကျော် ထောက် ပံ့ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်၊ မတ် (၁၄) ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် (၂) ရက်အထိ စက်ရုံအလုပ်ရုံ(၂၅) မီးလောင်ဆုံးရှုံးခဲ့ပြီး အလုပ် သမား (၁၄,၆၀၃) ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း အ လုပ်သမား ဝန်ကြီးဌာန လူမှုဖူလုံရေး ဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါ အလုပ်လက်မဲ့ ဝန်ထမ်းများအတွက် လုပ်ခလစာ၏ (၄၀) ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက် ပံ့ ငွေအဖြစ် ကျပ်သန်း (၈၃၄ ဒသမ ၉၄၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ 1st Wave ကာလအတွင်း ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၀၁၈) ဌာနမှ အလုပ်သမား (၈၅၇,၇၆၈) ဦးတို့အတွက် ငွေကျပ်သန်း (၂၁,၆၂၇ ဒသမ ၆၃၉)၊ 2nd Wave ကာလအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၅၉၆) ဌာနမှ အလုပ်သမား (၇၇၈,၈၉၄) ဦးတို့အတွက် ငွေကျပ်သန်း (၄၉,၃၉၂ ဒသမ ၈၅၅) ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိ‌နေသေးသည့် အလုပ်ဌာနများမှ သမားများကိုလည်း ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

လူမှုဖူလုံရေး စီမံကိန်းကို မြို့နယ်ပေါင်း (၁၁၆)မြို့နယ်ရှိ အာမခံ အလုပ်သမားပေါင်း (၁ ဒသမ ၁၃) သန်းတို့အ တွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး‌နေပြီး ရုံးခွဲပေါင်း (၇၈) ရုံး၊ လုပ်သမားဆေးရုံကြီး (၃)ရုံ၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ တိုင်းရင်းဆေး ခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၅၇) ခန်းတို့ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်းပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သည့် PPS စနစ်အရ (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၁၂) ခန်းနှင့် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၂၄) ခန်းရှိ‌‌ ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071