ပေါက်မြို့နယ်၊ရေပြာကျေးရွာရှိ အ.ထ.က ကျောင်းအတွင်း အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွား

0
86

ပေါက်မြို့နယ်၊ရေပြာကျေးရွာရှိ အ.ထ.က ကျောင်းအတွင်း အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွား

မကွေးတိုင်း၊ပေါက်မြို့နယ်၊ရေပြာကျေးရွာရှိ အ.ထ.က ကျောင်းအတွင်းသို့ အမျိုးသား ၂ ဦးက ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် လက်လုပ်အသံမိုင်းဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီခန့်က ရေပြာကျေးရွာရှိ အ.ထ.က ကျောင်းအား အမည်မသိအမျိုးသား ၂ ဦးမှ ရေပြာကျေးရွာအဝင်လမ်းအတိုင်း ဆိုင်ကယ်ဖြင့်မောင်းနှင်ရောက်ရှိလာခဲ့သည်။

ထိုသို့ ရောက်ရှိလာပြီးနောက် အသင့်ပါလာသည့် လပ်လုပ်အသံမိုင်းဖြင့် ကျောင်းအတွင်းသို့ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်လုပ်အသံမိုင်းသည် ကျောင်းအ နောက်တောင်ဘက်ရှိ အုတ်တံတိုင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦးများထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here