Monday, June 9, 2025

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည်...

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကျင်းပသည့်...
HomeArticlesရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ...

ရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ ထုတ်ပြန်

ရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ ထုတ်ပြန်

ရခိုင်ရိုးရာ သားမက်တက်ပွဲနှင့် ပတ်သက်၍အစဥ်အလာက​နေ လွဲ​ချော်​နေမူများကို ​ထောက်ပြပြီး ​ရှေးအစဥ်လာ ဓ​လေ့ သတ်မှတ်ချက်များကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ကဇွန်လ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အချက်များတွင် သမက်ရှင်၊ သမီးရှင်နှင့် အရံများသည် ဖုံကတ္တီပါ ပေါ်တွင်သာ ထိုင်ကြရန် ၊ထိုင်ခုံများဖြင့်ထိုင်ခြင်း လုံးဝ မပြုရန် ဟုပါရှိသည်။

ထိုင်ခုံများဖြင့် ထိုင်မည်ဆိုပါက မင်္ဂလာအစီအစဉ်အရ သမက်ရှင်၊ သမီးရှင်တို့ထံ တက်ရောက် ချီးမြှင့်ကြမည့် လူကြီးသူမများ၊ ဧည့်သည်တော်များအား အဂါရဝ ပြုရာရောက်သည့်အတွက်ဟု ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ရိုးရာ ဝတ်စားဆင်ယင်မှုနှင့်အညီ သားမက်ရှင်၏ ခေါင်းပေါင်း သို့မဟုတ် အုပ်ပေါင်း၏ အစွန်ကို ဘယ်ဘက်သို့ ချပြီး ပြင်ခံတိုက်ပုံသည် ဘယ်ဖုံးဖြစ်ရမည်ဟုလည်း ပါရှိသည်။

သမီးရှင်ဝတ်စုံဒီဇိုင်းကို ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုနှင့်မညီညွတ်သော အလွန်အကျွံ ဆန်းသစ် တီထွင်မှုမျိုးကို မပြုကြစေရန်၊ မင်္ဂလာလောင်ပွန်း(ပန်းကန်ပြား)အောက်တွင် စပါးစေ့များခင်းထားကာ ငွေဒင်္ဂါးတစ်စုံကိုလည်း ထည့်ရန် စသဖြင့် ညွှန်ကြားထားသည်။

မင်္ဂလာထမင်းနှင့် ဟင်းပွဲများရွေးချယ်ခြင်း၊ ချက်ပြုတ်မှုထုံးစံများကို ရခိုင်စာယဉ်(ရန်ကုန်)မှ သိရှိနားလည်သူ များက လမ်းညွှန်သည့်အတိုင်း ရခိုင်ဓလေ့ထုံးတမ်းစဉ် လာ အယူအဆအရ သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံအားဖြင့် မင်္ဂလာလောင်ပွန်းတွင် ထမင်းဖြည့်ပြီး အူစုံသည်းစုံကြက်သား သုံးခွက်၊ ရွှေဖရုံသီး နှစ်ခွက်၊ ပေါင်းမင်္ဂလာဟင်းပွဲ ၅ မျိုး ဖြစ်ရပါမည်။ ကျန်အသေး စိတ်လိုအပ်ချက်များအတွက် ရခိုင်စာ ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့(ရန်ကုန် )က အခြေအနေနှင့် လိုက်လျောညီထွေမည့်အကြံပြုချက်များပေးသွားမည်ဟုလည်း ဆိုသည်။

ထို့အပြင်သားမက်ရှင်၊ သမီးရှင်တို့၏ နေ့နံနှင့်ကိုက်ညီသောပန်းအညွန့်အခက်များထိုးထားသည့် ရေစင်အိုး နှစ်အိုး ပါရှိ ရပါမည်။ ယင်းရေစင်အိုးများကို မင်္ဂလာမြှောက်ထားသော ပရိတ်ကြိုးဖြင့် ရစ်ပတ်ထားရန်၊
သားမက်ရှင်သည် ထိမ်းမြားသည့်အချိန်တွင် ကိုယ်တင်အဖြူကို မဖြစ်မနေ ဝတ်ဆင်ထားရန်၊

သမီးရှင်ပန်ဆင်ရန် နေ့နံအရ သတ်မှတ်ထားသော ပန်း ၃ စုံ ပါရှိရန်၊
သမက်ရှင်အတွက် သမက်ရှင်၏ နေ့နံသင့်အညွန့်များထည့်ထားသော ရေစင်အိုးတစ်စုံ၊ မင်္ဂလာဝင်ပစ္စည်းများ ဖြစ်သော အိပ်ရာလိပ်(သို့မဟုတ်) အဝတ်သေတ္တာ၊ ဓါးရှည်၊ ယပ်စသည်တို့ကို နေ့သင့်နံသင့်သူများက ကိုင်ဆောင်နိုင်ရန် စီစဉ်ပေးရန်၊

သားမက်ရှင်၊ သမီးရှင်တို့သည် လူပျို အပျို မဟုတ်ပါက ရခိုင်ရိုးရာထုံးတမ်းစဉ်လာအရ သျှောင်ဆောင်းခွင့် မရှိကြောင်းနှင့် သျှောင်များကို သားမက်တက်အခမ်းအနားအစီအစဉ်အတွက်မဟုတ်ဘဲ အလှသက်သက်ရိုက်ကူးခြင်း၊ သားမက်ရှင်၊ သမီးရှင် မဟုတ်သော မသက်ဆိုင်သူများက ဝတ်ဆင်ခြင်း၊ သုံးစွဲခြင်း လုံးဝမပြု လုပ်ရန်၊

မြားပေးမည့် လူကြီးသူမများသည် ရခိုင်ရိုးရာဓလေ့ထုံးစံကိုလည်း နားလည် တတ်ကျွမ်းသူများဖြစ်ရန်၊
သားမက်ရှင်၊ သမီးရှင်၊ နှစ်ဘက်မိဘများနှင့် အခမ်းအ နားတွင်ပါဝင်ကြမည့်သူများအားလုံး၏ အဝင်အထွက်၊ လူအခင်းအကျင်းနှင့် တန်းစီမှု၊ ပန်းကျင်း စည်တော်၊ ခရု သင်း၊ အတီးအမှုတ်စသည့် အစီအစဉ်အသေးစိတ်ကို ရခိုင်စာယဉ်အဖွဲ့(ရန်ကုန်)က အသိအမှတ်ပြုထားသော ရခိုင်ရိုးရာကျွမ်းကျင်သည့် အစီအစဉ်မှူး(ဘိသိက်ဆရာ )၏ စီစဉ်မှုအတိုင်း သမက်တက်ပွဲရှင်များက တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရန်၊

ပြင်ပတီးဝိုင်း အဆိုအကများ၊ အခြားကြားဖြတ်အစီအ စဉ်များကို ထည့်သွင်းလိုပါက ရခိုင်ရိုးရာ သားမက်တက် အခမ်းအနား အစီအစဉ်အစအဆုံးကို မထိခိုက်စေအောင်သာ စီစဉ်ဆောင်ရွက်ရန် စသဖြင့် ဖော်ပြပါရှိသည်။

ရခိုင်စာပေနှင့် ယဉ်‌ကျေးမှုအဖွဲ့(ရန်ကုန်) သည် အဆိုပါအခြေခံစည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲလာသော အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေအောင် လိုအပ်သော ဖြည့်စွက်ချက်ပြင်ဆင်ချက်များကို အခါအားလျော်စွာ ပြုလုပ်ပေးသွားပါမည် ဖြစ်ကြောင်း သိရသည်။

ယခု ထုတ်ပြန်ချက်ကို ရေးသားထုတ်ပြန်ရန်အတွက် ရခိုင်စာပေနှင့်ယဉ်ကျေးမှု(ရန်ကုန်)အဖွဲ့မှ နယကကြီး ဒေါ်စောခင်တင့်၊ ဒုဥက္ကဋ္ဌ ဒေါ်စောခင်နု၊ အတွင်းရေးမှူး ဒေါ်ဦးသိန်းညွန့်၊ ရခိုင်မင်္ဂလာဆောင်ပွဲများတွင် ကူညီလုပ်ဆောင်ပေးနေသည့် ဦးထွန်းဝင်းတို့က အကြိမ်ကြိမ် အစည်းအဝေးများပြုလုပ်ကာထုတ်ပြန်ခြင်းဖြစ်သည်။

Photo Myanmar Digital News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းရုံးနေရာ၌ တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေ ထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည် နှစ်နိုင်ငံပြည်သူများအတွက် အခွင့်အလမ်းကောင်းများရရှိစေနိုင်မည်

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင်ရှိနေသဖြင့် ယင်းစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်လိမ့်မည်ကို ယုံကြည်သည်ဟု ပြောသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်ရှိ မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071