Sunday, May 25, 2025

မြန်မာ့အရေးအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်ရန်အာဆီယံစဉ်းစားမည်

အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆)...

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး...

နယ်စပ်ဖြတ်ကျော်ဆက်သွယ်‌ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းနှင့်လာအို သဘောတူ

         ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးနှင့်ထောက်ပံ့ဖြည့်တင်းရေးတို့တွင် နှစ်နိုင်ငံ ချိဆက်သွယ်မှု အားကောင်းစေရန် ရည်ရွယ်သည့် မဟာစီမံကိန်းသစ်တစ်ခုမှ တဆင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု...

မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသက်တမ်းတိုးရန် မလေးရှား တောင်းဆို

ကွာလာလမ်ပူ၊မေ ၂၅ ငလျင်ဘေးအလွန်ကာလအတွက် သဘောတူညီထားသည့် မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသည် မေလကုန်၌သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ထပ်မံသက်တမ်းတိုးစေလိုကြောင်း မလေးရှားက အာဆီယံထိပ်သီးအစည်းအဝေး၌ တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မလေးနိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ်ဟာဆန်က ယခုလိုတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိသတ်မှတ်ထားသည့်...
HomeInternationalတရုတ်-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုအားကောင်းစေရန်...

တရုတ်-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုအားကောင်းစေရန် နယ်စပ်ဖြတ်ကျော် တံတားအသစ်အား ဖွင့်လှစ်

တရုတ်-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုအားကောင်းစေရန် နယ်စပ်ဖြတ်ကျော် တံတားအသစ်အား ဖွင့်လှစ်

ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူများ အရှိန်မြှင့်လုပ်ဆောင်လာသောကြောင့် ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ ကုန်သွယ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်တံတားအသစ်အား​​သောကြာ​နေ့ (ဇွန် ၁၀)က အရှေ့ဖျားဒေသ၌ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

အဆိုပါတံတားသည် ဟေးလုံကျန်း(Heilongjiang) ခေါ် အမောရ်(Amur) မြစ်ကို ဖြတ်၍ ရုရှားနိုင်ငံ ဘလာဂိုဗက်ရှ်ချင့်ခ်(Blagoveshchensk) မြို့နှင့် တရုတ်နိုင်ငံ ဟေးဟဲ(Heihe) မြို့ကို ဆက်သွယ်ထားပြီး အရှည် ၁ ကီလိုမီတာ (၃၂၈၀ ပေ) ရှည်လျား၍ ဒေါ်လာ ၃၄၂ သန်း ကုန်ကျကြောင်း RIA သတင်းဌာန၏ သောကြာနေ့တွင် ဖော်ပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ယူကရိန်း စစ်ပွဲမစခင်၌ တရုတ်နှင့် ရုရှားတို့သည် အချင်းချင်းနယ်စည်းမခြား စီးပွား​ရေး ပါတနာ များအဖြစ် ကြေညာခဲ့ပြီး ၎င်းတံတားသည် နှစ်နိုင်ငံကြား ကုန်သွယ်မှု မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးချုပ် ဟူချွင်ဟွာက အဖွင့်အမှာစကားအနေဖြင့် တရုတ်နိုင်ငံသည် ရုရှားနှင့် နယ်ပယ်အားလုံး၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗီတာလီ ဆာဗလီဗ် က အဆိုပါတံတားသည် နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှု ကုန်စည်တန်ချိန်အား တစ်သန်းကျော် အထိမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းတံတားအား ၂၀၁၆ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ကာ ၂၀၂၀ ခုနှစ် မေလ ၌ ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် ယခုကဲ့သို့ ဖွင့်ပွဲ နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း ရုရှားတံတားတည်ဆောက်ရေး ကုမ္ပဏီ BTS-MOSTမှ ပြောကြားခဲ့သည်။

Source: Aljazeera

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့အရေးအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်ရန်အာဆီယံစဉ်းစားမည်

အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆) ရက် နေ့တွင် ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ “အမြဲတမ်း သံတမန်ခန့်ထားဖို့လိုအပ်တယ်ဆိုတဲ့ အဆိုပြုချက်ကို အများစုက လက်ခံသဘောတူခဲ့ပြီး ကန့်ကွက်သူ မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ “ကနဦးအနေနဲ့ သုံးနှစ်သက်တမ်းအတွက်ကို ကျွန်တော်တို့ မှန်းထားပါတယ်။ အဲလိုမှ...

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး အစည်းအဝေးခန်း/ဆာဗာခန်း/စက်ရုံခန်းတွေမှာ အိပ်တာ ပြန်လုပ်ရတော့မယ်" ဟု ၎င်းက X တွင် ပို့စ်တင်ခဲ့သည်။ "ကျွန်တော် X/xAI နဲ့ Tesla (နောက်အပတ် Starship လွှတ်တင်မှုပါ) အပေါ် အထူးအာရုံစိုက်ရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရေးကြီးတဲ့ နည်းပညာတွေ ထွက်ပေါ်လာတော့မှာမို့ပါ။"ဟုလည်း သူကဆိုထားသည်။ "ဒီအပတ် X ရဲ့ လုပ်ငန်းလည်ပတ်မှု...

နယ်စပ်ဖြတ်ကျော်ဆက်သွယ်‌ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းနှင့်လာအို သဘောတူ

         ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးနှင့်ထောက်ပံ့ဖြည့်တင်းရေးတို့တွင် နှစ်နိုင်ငံ ချိဆက်သွယ်မှု အားကောင်းစေရန် ရည်ရွယ်သည့် မဟာစီမံကိန်းသစ်တစ်ခုမှ တဆင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကိုနက်ရှိုင်းစွာဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။         လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane ၏ မေလ ၂၁ ရက် နေ့မှ ၂၃ ရက် နေ့အထိ ထိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အပြီး သောကြာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။          ကုန်းလမ်းဆက်သွယ်‌ရေးကို ဗဟိုချက်အဖြစ်ထား၍ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များစွာအပေါ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ပြောကြားခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071