တောင်ကိုရီးယားတွင် ကာကွယ်ဆေးမထိုးထားသော ခရီးသွားများအတွက်ပါကိုဗစ်ကန့်သတ်ချက်ရုတ်သိမ်းတော့မည်

0
85

တောင်ကိုရီးယားတွင် ကာကွယ်ဆေးမထိုးထားသော ခရီးသွားများအတွက်ပါကိုဗစ်ကန့်သတ်ချက်ရုတ်သိမ်းတော့မည်

ဆိုးလ်၊ဇွန် ၃

တောင်ကိုရီးယားနိုင်ငံ၏ဝန်ကြီးချုပ်က နိုင်ငံတွင်းဆိုက်​ရောက်ခရီးသွားများအတွက် ကွာရန်တင်းစနစ်နှင့်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများအတွက်လေကြောင်းစည်းမျဉ်းများကိုလည်း ဇွန်လ ၈ ရက်မှစတင်ကာ ရုတ်သိမ်းပေးတော့မည်ဟု ယနေ့ ဇွန်လ ၃ ရက်နေ့တွင်ပြောသည်။

သို့သော် ရောဂါကင်းရှင်းကြောင်း စစ်ဆေးထားသည့် PCR စစ်ဆေးမှုမှတ်တမ်းကိုတော့ ဆိုက်​ရောက်တွင်ပြသရမည်ဖြစ်ပြီး နိုင်ငံတွင်းရောက်ပြီး ၇၂ နာရီအတွင်း PCR စစ်ဆေးခြင်းများကို​ဆက်လက်ထားရှိဦးမည်ဖြစ်သည်။

ကာကွယ်ဆေးမထိုးထားသောခရီးသွားများ အား ခုနစ်ရက်ကွာရန်တင်းဝင်‌စေသည့်စနစ်ကိုလည်း ဇွန်လ ၈ ရက်နေ့မှစရုတ်သိမ်းသွားမည်ဖြစ်သည် ဟု ဝန်ကြီးချုပ် Han Duck Soo ကဆိုသည်။

ယခုလက်ရှိချမှတ်ထားသော လေကြောင်းဆိုင်ရာစည်းမျဉ်းများသည် လေယာဉ်လက်မှတ်များခက်ခဲခြင်း၊ဈေးတက်ခြင်းစသည့်အဆင်မ‌ပြေမှုတို့ကို ဖြစ်စေသောကြောင့် လေကြောင်းလိုင်းများ အချိန်နှင့်တစ်ပြေးညီအလုပ်လုပ်နိုင်ရန် ဇွန်လ ၈ ရက်နေ့မှစတင်ကာ အင်ချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ စည်းမျဉ်းများကို ရုတ်သိမ်းပေးတော့မည်ဟုလည်း ဝန်ကြီးချုပ်ကဆိုခဲ့သည်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here