တရုတ်နည်းပညာကုမ္ပဏီပိုင် JOOX Music မြန်မာပြည်မှ ထွက်ခွါမည်ဟုဆို

0
204

တရုတ်နည်းပညာကုမ္ပဏီပိုင် JOOX Music မြန်မာပြည်မှ ထွက်ခွါမည်ဟုဆို

တရုတ်နည်းပညာကုမ္ပဏီတစ်ခု ပိုင်ဆိုင်သည့် App တစ်ခုဖြစ်သော JOOX Music Application ကုမ္ပဏီသည် ၂၀၂၂ဇူလိုင်လ (၆)ရက်နေ့မှ စပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကာ ထိုနေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် JOOX ဝန်ဆောင်မှု ရရှိတော့မည်မဟုတ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည့် JOOX App သည် ပြည်တွင်း၊ ပြည်ပမှ တေးသီချင်းများကို ထည့်သွင်းထားသည့်Appတစ်ခုဖြစ်သည်။

အာရှနိုင်ငံများ၌ လူသုံးများသည့် Application တစ်ခုဖြစ်ကြောင်းလည်း စစ်တမ်းများအရသိရသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော ဈေးကွက်အခြေအနေများကြောင့် JOOX Myanmar သည်၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ရက်နေ့မှစတင်၍ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းသွားခြင်းဖြစ်သည်ဟုလည်းသိရသည်။

ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်မူ JOOX သည်ဆက်လက်လည်ပတ်သွားမည်ဟုပါသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here