ကော့စ​မွေရှိ န​မြောင်ရေတံခွန်ပေါ်မှနိုင်ငံခြားသူတစ်ဦး ပြုတ်ကျသေဆုံး

0
103

ကော့စ​မွေရှိ န​မြောင်ရေတံခွန်ပေါ်မှနိုင်ငံခြားသူတစ်ဦး ပြုတ်ကျသေဆုံး

ဘန်​ကောက်၊​မေ ၁၅

ယမန်နေ့က ရိုးမေးနီးယားအမျိုးသမီးငယ်တစ်ဦးဖြစ်သူ Nane – Losana Bodea (၂၃ နှစ်) သည် ထိုင်းနိုင်ငံကော့စ​မွေကျွန်းရှိ နမြောင်(Na Muang) ရေတံခွန် ပေါ်မှပြုတ်ကျသေဆုံးသွားခဲ့သည်။

ထိုသို့ပြုတ်ကျရာတွင်သူမ၏ခေါင်းသည် ကျောက်တုံးနှင့်​ဆောင့်မိကာ ဦးခေါင်းအနောက်ဘက်ခြမ်းတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဆေးစစ်ချက်များအရသိရသည်။

သူမသည် ရေတံခွန်၏ လေးဆင့်မြောက်နေရာမှ ဓာတ်ပုံရိုက်နေစဉ် ရေတံခွန်၏ ဒုတ်ယအဆင့်သို့ပြုတ်ကျသွားခြင်းဖြစ်​ကြောင်းကွယ်လွန်သူ ၏သူငယ်ချင်းများက ကယ်ဆယ်ရေးသမားများကို​ပြောပြခဲ့သည်။

နမြောင် ရေတံခွန်ပေါ်မှပြုတ်ကျ၍ အသက်သေဆုံးသူသည် Nane – Losana တစ်ဦးတည်းမဟုတ်ပဲ ၂၀၁၉ ခုနှစ်တုန်းကလည်း အသက်သုံးဆယ်အရွယ် ပြင်သစ်ခရီးသွားတစ်ဦးဖြစ်သူ Bastien Palmier သည်လည်း ရေတံခွန်အစွန်း၌ selfie ရိုက်ဖို့လုပ်​နေစဥ် ပြုတ်ကျကာအသက်ဆုံးရှုံးခဲ့ရဖူးသည်။

ထို့ကြောင့် အထပ်ထပ်ဖြစ်နေသော နမြောင်ရေတံခွန်၏အန္တရာယ်သတိပေးချက်များကို ရေတံခွန်အနီးတစ်ဝိုက်နှင့် အင်တာနက်စာမျက်နှာများတွင် သတိထားသင့်ကြောင်း အများအပြားရေးသားထားသည်။

Source – Thethaiger


LEAVE A REPLY

Please enter your comment!
Please enter your name here