Nay Pyi Taw State Academy နိုဝင်ဘာလထဲ ဖွင့်လှစ်သွားနိုင်ချေရှိ

0
469

Nay Pyi Taw State Academy နိုဝင်ဘာလထဲ ဖွင့်လှစ်သွားနိုင်ချေရှိ

နေပြည်တော်တွင် ပေါ်ထွန်းလာမည့် Nay Pyi Taw State Academyအား တည်ထောင်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့က စီစဉ်ဆောင်ရွက်လျှက်ရှိနေရာ အဆိုပါNay Pyi Taw State Academyသည် ယခုနှစ်ထဲမှာပင် ဖွင့်လှစ်နိုင်ချေရှိနေသည်ဟုသိရသည်။

နေပြည်တော်တွင် ဖွင့်လှစ်သွားမည့် အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက ဦးဆောင်နေခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘက်ကလည်း လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်၊လူမှုရေးပညာမဟာဌာန တစ်ခုပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းလျှက်ရှိနေသည်ဟု သိရသည်။

လူမှုရေးပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့်လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီအစည်းအဝေးအရ Nay Pyi Taw State Academy၏ အောက်တွင် လူမှုရေးပညာမဟာဌာနအပါအဝင် မဟာပညာဌာန (၇)ခု ဖွင့်လှစ်သွားရန် လျာထားနေကြောင်း သိရှိရသည်။

အခြားသော မဟာပညာဌာန (၇)ခုစာရင်းများကို မူ ဆောင်ရွက်နေဆဲဖြစ်၍ အသေးစိတ်မသိရှိရသေးပေ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here