မြန်မာကြံ ရွှေလီနယ်စပ်မှတဆင့် တင်ပို့နေမှု တစ်လမပြည့်မှီမှာပင် တန်ချိန်၅၀၀၀ကျော်နေ

0
145

မြန်မာကြံ ရွှေလီနယ်စပ်မှတဆင့် တင်ပို့နေမှု တစ်လမပြည့်မှီမှာပင် တန်ချိန်၅၀၀၀ကျော်နေ

ကိုဗစ်ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ရွှေလီလေယွင်ဂိတ်ကို ဧပြီ၁၃ရက်ကမှ စပြီး ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြန်မာ့ကြံများ ဆက်တိုက်တင်ပို့နေရသည်ဟု ရွှေလီအထွေထွေမီဒီယာစင်တာထံမှသိရသည်။

ဧပြီ ၁၃ရက်မှ မေလ ပထမအပါတ်အထိ တရုတ်-မြန်မာနယ်စပ် ရွှေလီလေယွင်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရသည့် ကြံတန်ချိန်အရေအတွက်မှာ တန်ချိန်၅၄၄၀ ရှိသည်ဟု သိရှိရသည်။

အကောက်ခွန်ရှင်းလင်းပြီး ဂိတ်စတင်ဖြတ်သန်းနိုင်ခဲ့သည့် ဧပြီ၁၃ရက်မှ စတင်သည့် ကြံတင်ပို့မှုအရ မြန်မာဘက်က တင်ပို့ခဲ့သည့် ကြံတန်ဖိုးမှာ ယွမ်ငွေ ၂ဒသမ၄၄၈၅၀၂သန်း အထိ ရှိနေပြီဟုလည်း ရွှေလီအထွေထွေမီဒီယာစင်တာထံမှသိရသည်။

တရုတ်ဘက်သို့ တင်ပို့မည့် မြန်မာ့ကြံများတင်ဆောင်လာသည့် ကုန်တင်ယာဉ်များအား တရုတ်ဘက်က ပိုး ၂ကြိမ်သတ်ခြင်း၊ယာဉ်မောင်းလဲလှယ်၍ မောင်းနှင်ခြင်းနှင့် သုံးပိုင်းခွဲကာ သယ်ယူခြင်းစသည့် နည်းစနစ်များဖြင့် တရုတ်ဘက်က လက်ခံယူကြောင်းသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here