လူငယ်အဆိုရှင်သစ်တွေနဲ့ ရဲလေး ရဲ့ အောင်မြင်ခြင်း ခရီးစဉ်

0
56

ye-lay-1-copy

Hip Hop  နဲ့ R & B အဆိုတော် ရဲလေးက သူ့ရဲ့ ၈ ခွေမြောက်စီးရီး သစ်ကို ‘အောင်မြင်ခြင်းခရီးစဉ်’ လို့ နာမည်ပေးပြီး နိုဝင်ဘာလ ၁၃ ရက် နေ့မှာ ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ရဲလေးရဲ့ ဒီတစ်ခေါက်အောင်မြင်မှု ခရီးစဉ်’ စီးရီးမှာတော့ သီချင်း ၁၃ ပုဒ် ပါဝင်မှာဖြစ် ပြီး ရှေ့ကတစ်ခွေပြီး နောက် တစ်နှစ်ခွဲအကြာမှာ ထွက် ရှိလာခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ ဒီစီးရီး မှာတော့ ဂျိုကာ၊ ရီယို၊ နင်ဇီမေ၊ ဆိုဖီယာနဲ့ ခိုင်သဇင်သင်း တို့ကFeaturing အဖြစ် ပါဝင်သီဆိုပေး ထားတယ်လို့လည်း သိရပြီး သီချင်း ၁၃ ပုဒ်မှာ ၂  ပုဒ်ကတော့ ကိုရီးယား နဲ့ ဥရောပ သီချင်းနှစ်ပုဒ်ကိုReference လုပ်ထားတယ်လို့ ရဲလေးက ပွင့်လင်းစွာလည်း ပြော ထားပါတယ်။

“ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲတွေ၊ နောက်ပိုင်း ဆက်လုပ်မယ့် အနု ပညာအလုပ်တွေအတွက် ဒီစီးရီးခွေ ကပထမခြေလှမ်းဖြစ်ပါ တယ်။နောက် ပိုင်းမှာ ၂ဝ၁၇ခုနှစ်က စပြီးတော့ ရုပ်ရှင်တွေလည်း ရိုက်ကူးပါမယ်။ ဖျော်ဖြေပွဲတွေရော၊ သီချင်းသစ်တွေ ရော ဆက် တိုက်လာမှာပါ” လို့ ရဲလေးက ပြောပါတယ်။ ရဲလေးရဲ့ စီးရီးသစ်ထဲမှာတော့Myanmar Idol က မျိုးဆက်သစ် အဆိုရှင်တွေ လည်း ပါဝင်သီဆိုထားတာကြောင့် ပရိသတ်အတွက် ပုံစံတစ်မျိုးရစေ မယ့် စီးရီးလို့လည်း ရဲလေးက ဆို ပါတယ်။ ဒီစီးရီးမှာ အဆိုရှင်သစ်
တွေနဲ့ပဲ တွဲဆိုဖြစ်တဲ့အကြောင်းကို လည်း ရဲလေး က..

“ကျွန်တော်တို့လည်း အသစ်က နေ လာခဲ့တဲ့အတွက် ကျွန်တော်တို့ကို လက်တွဲခေါ်ခဲ့တဲ့ ရှေ့က ဆရာသမား တွေ ရှိပါတယ်။ အခုလည်း ကျွန် တော်တို့က လူငယ်တွေကို ပြန် လက်တွဲခေါ်ရမှာပါ။Myanmar Idol  ကာလမှာကတည်းက ကျွန် တော် ပြောခဲ့သလို
သူတို့နဲ့ တစ်ချိန် မှာ သီချင်းတွေအတူဆိုကြမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီအချိန်မှာ အ ကောင်အထည်ဖော်ဖြစ်တာပါ။တခြား ကျန်တဲ့သူေ တွနဲ့လည်း တွဲ လုပ်သွားဖို့ရှိပါတယ်။ အခုဟာက သီချင်းအမျိုးအစားပေါ်မူတည်ပြီး ဒီ ၄ ယောက်နဲ့ လက်တွဲဖြစ်တာပါ။ကျန်တဲ့ ပြိုင်ပွဲ ဝင်တွေနဲ့လည်း ဆက် လုပ်သွားဖို့ရှိပါတယ်” လို့ ရဲလေးက ပြောပါတယ်။ ရဲလေးရဲ့ ‘အောင် မြင်မှုခရီးစဉ်’ စီးရီးထွက်ရှိခြင်း အမှတ်တရ ပရိသတ်နဲ့တွေ့ဆုံ လက် မှတ်ရေးထိုး ဖျော်ဖြေပွဲကိုလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ မော်လမြိုင်တို့မှာပြုလုပ် သွားမှာဖြစ်ပြီးရန်ကုန် မှာ နိုဝင်ဘာလ ၁၃ ရက်နေ့-လှည်းတန်း စင်တာ၊ မန္တလေးမှာ ၁၄ရက်နေ့ – မင်္ဂလာ မန္တလေး၊နိုဝင်ဘာ၂ဝ ရက်နေ့မှာ မုံရွာ- Ocean  မုံရွာ၊ ၂၆ ရက် နေ့မှာမော်လမြိုင်- Ocean  မော်လမြိုင်တို့မှာ အသီး သီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here