Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတို့နှင့် ကုန်သွယ်မှု လျှော့ကျလာ

ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတို့နှင့် ကုန်သွယ်မှု လျှော့ကျလာ

ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတို့နှင့် ကုန်သွယ်မှု လျှော့ကျလာ

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်၊မြန်မာ-အိန္ဒိယတို့၏ ပြီးခဲ့သည့် ၄လခွဲကျော်ကြာ နယ်စပ်ကုန်သွယ်မှုအခြေအနေမှာ ယခင်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း၁၂၀နီးပါး လျှော့ကျသွားသည်ဟု နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းများကဖော်ပြသည်။

၁-၁၀-၂၀၂၁မှ ၁၈-၂-၂၀၂၂ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေ၊မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ၂ခု၏ ကုန်သွယ်မှုရငွေမှာ အမေရိကန်ဒေါ်လာအနေဖြင့် ပို့ကုန်ပိုင်းတွင် ၁၆.၆၆၇သန်း၊သွင်းကုန်ပိုင်းတွင် ဝ.၀၇၆သန်း စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၇၄၃သန်း ရှိခဲ့သည်။

ယခင်ကာလတူ (၁-၁၀-၂၀၂၀ မှ ၁၈-၂-၂၀၂၁ အထိ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှုမှာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၆.၉၅၇သန်း၊သွင်းကုန်အနေဖြင့် ၁၂.၅၉၉သန်း၊ကုန်သွယ်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၉.၅၅၆သန်း ရှိ၍ ယခုနှစ် ၄လခွဲကြာကုန်သွယ်မှုနှင့် နှိုင်းယှဉ်လျှင် ယခင်ထက် အမေရိကန်ဒေါ်လာ ၃သန်းနီးပါးလျှော့ကျသွားသည်။

ရခိုင်နယ်စပ်ကုန်သည်တစ်ဦးက “အဓိကကတော့ အိန္ဒိယနဲ့ ဈေးကွက် ပြိုင်နေရတာကြောင့် ဒီဘက်ကုန်သွယ်မှုက လျှော့သွားတာ။ရာသီဥတုပိုင်းမှာ နည်းနည်းဆိုးတာကြောင့်လည်းပါပါတယ်။နောက်ပြီး ကြက်သွန်က ဘင်္ဂလားဒေ့ရှ်မှာလည်း ပေါ်နေတယ်။ဒါတွေစုသွားတာပေါ့”ဟု မှတ်ချက်ပြုသည်။

အလားတူ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော တမူး၊ရိဒ်ကုန်သွယ်မှုမှာ ယခု၄လခွဲတာကာလအတွင်း ပို့ကုန်ပိုင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၄.၅၅၈သန်း၊သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာဝ.၉၅၅သန်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅.၅၁၃သန်း၊ယခင်ကာလတူက ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၀.၀၃၃သန်း၊သွင်းကုန် အမေရိကန်ဒေါ်လာဝ.၆၃၄သန်း၊ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ၁၂၀.၆၆၇သန်းဖြစ်၍ ကုန်သွယ်မှုသန်း၁၀၀ကျော် လျှော့သွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071