(Unicode)
ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် တရားမဝင်မြန် မာနိုင်ငံသားများအတွက် မြန်မာအလုပ်သမားသံအရာရှိများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ

ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်နယ် စပ်လမ်းကြောင်းများမှတဆင့်ဝင်ရောက်ပြီးဖမ်း ဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ပြန်လည်လွှဲပြောင်းပေးနိုင်ရန်နှင့်ဥပဒေအရ အ ကာအကွယ်များပေးနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိများက ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အများစုတွင် နယ်စပ်ဖြတ်ကျော်၍ တရားမဝင်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများအား ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးရမိမှုများရှိနေခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့်အလုပ် အကိုင်အခက်အခဲများကြောင့် ထိုင်းနိုင်ငံအတွင်းရှိ နေရာအသီးသီး၌ အလုပ်လုပ်ကိုင်ရန် ပွဲစားများအား တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၅၀၀၀ ခန့်အထိပေးချေ၍ဝင်ရောက်လာခဲ့ကြသူများဖြစ်သည်။
“ဥပဒေအရအကာအကွယ်ပေးနိုင်ဖို့တော့ နိုင်တဲ့ဖက်ကလုပ်ပေးနေတယ် ထိုင်းကိုတရားမဝင်သွားပြီဆိုထဲကတော့ သူတို့ဖက်က လူမှောင်ခိုတို့ လူကုန်ကူးတို့နဲ့ပဲအရေးယူမှာ အလုပ်သမားဥပဒေ ကြတော့ အလုပ်ခွင်ထဲကိုမရောက်သေးတဲ့အ တွက် ဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာမှာ နိုင် ငံဖြတ်ကျော်မှုခင်းတွေကြတော့ ပြောဖို့ခက်တယ်တရားဝင်အလုပ်သမားတွေမဟုတ်တဲ့အတွက် ခက်ခဲမှုတွေကတော့ရှိတယ်”ဟု အလုပ်သမားဝန် ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးညွှန့်ဝင်းကပြော သည်။
ခက်ခဲမှုများရှိသော်လည်း အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ဖြင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်အလုပ် သမားများ ပြန်လည်လွှဲပြောင်းရန်ကိစ္စရပ်များ၌ မြန်မာအလုပ်သမသံအရာရှိများက ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ လဝက နှင့်အလုပ်သမားဦးစီးဌာနတို့နှင့်ဆက်စပ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
“အဓိက ကတော့ထိုင်းကိုသွားတဲ့အခါ တရားမဝင်အလုပ်သမားအဖြစ်သွားရောက်ဖို့မကြိုးစားကြပါနဲ့ သွားလို့ရှိရင် အလုပ်သမားအခွင့်အရေးလည်းမရနိုင်သလို အချိန်မရွေးအဖမ်းခံရနိုင်ပြီး သူတို့ရဲ့သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဥပဒေ အခြားရဲမှုခင်းဆိုင်ရာဥပဒေ တွေအရအရေးယူခံရနိုင်တာတွေရှိတယ် အလုပ်သွားလုပ်ချင်လို့သွားတာကို အလုပ်မလုပ်ရဘဲနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဂုဏ်သိက္ခာတွေ ဆုံးရှုံးပြီးနစ်နာမှုတွေနဲ့ကြုံရနိုင်တယ်”ဟုအမြဲတမ်းအတွင်းဝန်ဦးညွှန့်ဝင်းကပြော သည်။
ထို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ် ကိုင်မည်ဆိုပါက တရားဝင် MoU စနစ်ဖြင့်သာသွားရောက်ရန်နှင့် ထိုသို့သွားရောက်ပါက အလုပ် သမားအခွင့်အရေးအပြည့်အဝနှင့်လုပ်ခလစာအပြည့်အဝရရှိမည်ဖြစ်သည်ဟု သိရသည်။
“MoU လုပ်သားတွေအနေနဲ့သွားတဲ့အတွက် လစာကိုလည်းသူတို့ပေးချင်သလောက်ပေးလို့မရတော့ဘူး MoU ထဲမှာအခြေခံလစာကဘယ်လောက်၊ OT ကြေးကဘယ်လောက် ဘောနပ်စ်ကဘယ် လောက်ဆိုပြီး တစ်ခါတည်းပါပြီးသားဖြစ်တဲ့အ တွက် MoU လုပ်သားတွေအဖြစ်ပဲသွားကြဖို့တိုက် တွန်းလိုပါတယ် ကုန်ကျစရိတ်ကလည်း လက်ရှိငွေစျေးနဲ့ဆိုရင်အပြီးအစီးမှ ၆ သိန်းလောက်ပဲကုန်ကျမှာပါ”ဟုအမြဲတမ်းအတွင်းဝန်ဦးညွှန့်ဝင်းက တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့တရားဝင် သွားရောက်လုပ်ကိုင်နိုင်စေရန် အလုပ်သမားအများစုအား နှစ်နိုင်ငံနား လည်မှုစာချွန်လွှာ MoU စာချုပ်ဖြင့်အလုပ်သမားစေလွှတ်မှု ပြုလုပ်ရန်စီစဥ်ဆောင်ရွက်လျက်ရှိသည်။
(Zawgyi)
ထိုင္းႏိုင္ငံ၌ ဖမ္းဆီးခံထားရသည့္ တရားမဝင္ျမန္ မာႏိုင္ငံသားမ်ားအတြက္ ျမန္မာအလုပ္သမားသံအရာရွိမ်ားက ပူးေပါင္းေဆာင္႐ြက္ေပးလ်က္ရွိ
ထိုင္းႏိုင္ငံ၌အလုပ္လုပ္ကိုင္ရန္ တရားမဝင္နယ္ စပ္လမ္းေၾကာင္းမ်ားမွတဆင့္ဝင္ေရာက္ၿပီးဖမ္း ဆီးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ေနရပ္သို႔ျပန္လည္လႊဲေျပာင္းေပးႏိုင္ရန္ႏွင့္ဥပေဒအရ အ ကာအကြယ္မ်ားေပးႏိုင္ရန္ ျမန္မာအလုပ္သမားသံအရာရွိမ်ားက ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။
ထိုင္းႏိုင္ငံအတြင္းရွိ ခ႐ိုင္အမ်ားစုတြင္ နယ္စပ္ျဖတ္ေက်ာ္၍ တရားမဝင္ဝင္ေရာက္လာၾကသည့္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းအာဏာပိုင္မ်ားက ဆက္တိုက္ဖမ္းဆီးရမိမႈမ်ားရွိေနခဲ့သည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနႏွင့္အလုပ္ အကိုင္အခက္အခဲမ်ားေၾကာင့္ ထိုင္းႏိုင္ငံအတြင္းရွိ ေနရာအသီးသီး၌ အလုပ္လုပ္ကိုင္ရန္ ပြဲစားမ်ားအား တစ္ဦးလ်င္ ထိုင္းဘတ္ေငြ ၁၈၀၀၀ မွ ၂၅၀၀၀ ခန္႔အထိေပးေခ်၍ဝင္ေရာက္လာခဲ့ၾကသူမ်ားျဖစ္သည္။
“ဥပေဒအရအကာအကြယ္ေပးႏိုင္ဖို႔ေတာ့ ႏိုင္တဲ့ဖက္ကလုပ္ေပးေနတယ္ ထိုင္းကိုတရားမဝင္သြားၿပီဆိုထဲကေတာ့ သူတို႔ဖက္က လူေမွာင္ခိုတို႔ လူကုန္ကူးတို႔နဲ႔ပဲအေရးယူမွာ အလုပ္သမားဥပေဒ ၾကေတာ့ အလုပ္ခြင္ထဲကိုမေရာက္ေသးတဲ့အ တြက္ ဘာရည္႐ြယ္ခ်က္နဲ႔လာတယ္ဆိုတာမွာ ႏိုင္ ငံျဖတ္ေက်ာ္မႈခင္းေတြၾကေတာ့ ေျပာဖို႔ခက္တယ္တရားဝင္အလုပ္သမားေတြမဟုတ္တဲ့အတြက္ ခက္ခဲမႈေတြကေတာ့ရွိတယ္”ဟု အလုပ္သမားဝန္ ႀကီးဌာန၊အၿမဲတမ္းအတြင္းဝန္ဦးၫႊန္႔ဝင္းကေျပာ သည္။
ခက္ခဲမႈမ်ားရွိေသာ္လည္း အလုပ္သမားဝန္ႀကီး ဌာနအေနနဲ႔ျဖင့္ ဖမ္းဆီးခံရၿပီး ေနရပ္ျပန္အလုပ္ သမားမ်ား ျပန္လည္လႊဲေျပာင္းရန္ကိစၥရပ္မ်ား၌ ျမန္မာအလုပ္သမသံအရာရွိမ်ားက ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕၊ လဝက ႏွင့္အလုပ္သမားဦးစီးဌာနတို႔ႏွင့္ဆက္စပ္၍ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။
“အဓိက ကေတာ့ထိုင္းကိုသြားတဲ့အခါ တရားမဝင္အလုပ္သမားအျဖစ္သြားေရာက္ဖို႔မႀကိဳးစားၾကပါနဲ႔ သြားလို႔ရွိရင္ အလုပ္သမားအခြင့္အေရးလည္းမရႏိုင္သလို အခ်ိန္မေ႐ြးအဖမ္းခံရႏိုင္ၿပီး သူတို႔ရဲ႕သက္ဆိုင္ရာလူဝင္မႈႀကီးၾကပ္ေရးဥပေဒ အျခားရဲမႈခင္းဆိုင္ရာဥပေဒ ေတြအရအေရးယူခံရႏိုင္တာေတြရွိတယ္ အလုပ္သြားလုပ္ခ်င္လို႔သြားတာကို အလုပ္မလုပ္ရဘဲနဲ႔ တန္ဖိုးရွိတဲ့အခ်ိန္ေတြ ဂုဏ္သိကၡာေတြ ဆုံးရႈံးၿပီးနစ္နာမႈေတြနဲ႔ႀကဳံရႏိုင္တယ္”ဟုအၿမဲတမ္းအတြင္းဝန္ဦးၫႊန္႔ဝင္းကေျပာ သည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံသို႔သြားေရာက္အလုပ္လုပ္ ကိုင္မည္ဆိုပါက တရားဝင္ MoU စနစ္ျဖင့္သာသြားေရာက္ရန္ႏွင့္ ထိုသို႔သြားေရာက္ပါက အလုပ္ သမားအခြင့္အေရးအျပည့္အဝႏွင့္လုပ္ခလစာအျပည့္အဝရရွိမည္ျဖစ္သည္ဟု သိရသည္။
“MoU လုပ္သားေတြအေနနဲ႔သြားတဲ့အတြက္ လစာကိုလည္းသူတို႔ေပးခ်င္သေလာက္ေပးလို႔မရေတာ့ဘူး MoU ထဲမွာအေျခခံလစာကဘယ္ေလာက္၊ OT ေၾကးကဘယ္ေလာက္ ေဘာနပ္စ္ကဘယ္ ေလာက္ဆိုၿပီး တစ္ခါတည္းပါၿပီးသားျဖစ္တဲ့အ တြက္ MoU လုပ္သားေတြအျဖစ္ပဲသြားၾကဖို႔တိုက္ တြန္းလိုပါတယ္ ကုန္က်စရိတ္ကလည္း လက္ရွိေငြေစ်းနဲ႔ဆိုရင္အၿပီးအစီးမွ ၆ သိန္းေလာက္ပဲကုန္က်မွာပါ”ဟုအၿမဲတမ္းအတြင္းဝန္ဦးၫႊန္႔ဝင္းက တိုက္တြန္းေျပာဆိုသည္။
ျမန္မာႏိုင္ငံ၏ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ထိုင္းႏိုင္ငံသို႔တရားဝင္ သြားေရာက္လုပ္ကိုင္ႏိုင္ေစရန္ အလုပ္သမားအမ်ားစုအား ႏွစ္ႏိုင္ငံနား လည္မႈစာခြၽန္လႊာ MoU စာခ်ဳပ္ျဖင့္အလုပ္သမားေစလႊတ္မႈ ျပဳလုပ္ရန္စီစဥ္ေဆာင္႐ြက္လ်က္ရွိသည္။
