မြန်မာတွင် ပါဝင်ပတ်သတ်သူများ တွေ့ဆုံဆွေးနွေးရေး ပြင်သစ်နှင့်ထိုင်းဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

0
132

(Unicode)

မြန်မာတွင် ပါဝင်ပတ်သတ်သူများ တွေ့ဆုံဆွေးနွေးရေး ပြင်သစ်နှင့်ထိုင်းဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drian နှင့် ထိုင်းဒုတိယဝန်ကြီးချုပ် Mr. Don Pramudwinai တို့ ယခုရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drianက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Don Pramudwinai ကို မြန်မာ့အရေးနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်နေကြောင်း ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

Mr. Jean-Yves Le Drian က မြန်မာနိုင်ငံ၏ အခြေအနေ ယိုယွင်းလာမှုအပေါ် ၎င်း၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုခရီးစဉ်ကို သံရုံးဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအပြင် မြန်မာ၏အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ လုပ်ဆောင်ချက် အတွက် ပြင်သစ်နိုင်ငံမှထောက်ခံခဲ့ပြီး မြန်မာအတွက်သဘောတူညီထားသည့် အာဆီယံ၏ အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်းပါ ထောက်ပြခဲ့သည်။

ပါဝင်ပတ်သက်သူများအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်ခြင်း အပါအဝင် ဘေးကင်းပြီး အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးတွင် ထိုင်းနိုင်ငံမှ ပါဝင်နိုင်သည့် မရှိမဖြစ် အခန်းကဏ္ဍကိုလည်း ပြင်သစ်ဘက်က အလေးပေးဖော်ပြခဲ့သည်ဟု သိရသည်။

(Zawgyi)

ျမန္မာတြင္ ပါဝင္ပတ္သတ္သူမ်ား ေတြ႕ဆုံေဆြးေႏြးေရး ျပင္သစ္ႏွင့္ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္တို႔ေဆြးေႏြး

ျပင္သစ္ ဥေရာပႏွင့္ ႏိုင္ငံျခားေရး ဝန္ႀကီး Mr. Jean-Yves Le Drian ႏွင့္ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ Mr. Don Pramudwinai တို႔ ယခုရက္ပိုင္းအတြင္း ေတြ႕ဆုံခဲ့ၿပီး ျမန္မာ့အေရးကိစၥေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံရာတြင္ ဥေရာပႏွင့္ ႏိုင္ငံျခားေရး ဝန္ႀကီး Mr. Jean-Yves Le Drianက ထိုင္းႏိုင္ငံ ဒုတိယ ဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရး ဝန္ႀကီး Mr. Don Pramudwinai ကို ျမန္မာ့အေရးႏွင့္ ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေနေၾကာင္း ေျပာဆိုခဲ့သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာျပင္သစ္သံ႐ုံးက ေဖာ္ျပသည္။

Mr. Jean-Yves Le Drian က ျမန္မာႏိုင္ငံ၏ အေျခအေန ယိုယြင္းလာမႈအေပၚ ၎၏ နက္ရႈိင္းေသာ စိုးရိမ္ပူပန္မႈကို ေဖာ္ျပခဲ့သည္ဟု ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံမႈခရီးစဥ္ကို သံ႐ုံးဘက္က သတင္းထုတ္ျပန္ခဲ့သည္။

ယင္းအျပင္ ျမန္မာ၏အက်ပ္အတည္းကို ေျဖရွင္းရန္ အာဆီယံ၏ လုပ္ေဆာင္ခ်က္ အတြက္ ျပင္သစ္ႏိုင္ငံမွေထာက္ခံခဲ့ၿပီး ျမန္မာအတြက္သေဘာတူညီထားသည့္ အာဆီယံ၏ အခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္ရန္ လိုအပ္ပါေၾကာင္းပါ ေထာက္ျပခဲ့သည္။

ပါဝင္ပတ္သက္သူမ်ားအားလုံးပါဝင္သည့္ ႏိုင္ငံေရး ေဆြးေႏြးပြဲတစ္ရပ္ကို လုပ္ေဆာင္ျခင္း အပါအဝင္ ေဘးကင္းၿပီး အဟန႔္အတားမရွိ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ လိုအပ္ခ်က္မ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ တုံ႔ျပန္ေရးတြင္ ထိုင္းႏိုင္ငံမွ ပါဝင္ႏိုင္သည့္ မရွိမျဖစ္ အခန္းက႑ကိုလည္း ျပင္သစ္ဘက္က အေလးေပးေဖာ္ျပခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here