Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsခရီးသည်တင် YBS ယာဉ်စီခများမတက်၊ယာဉ်စီးခတက်ကြောင်းဖော်ပြစာများ...

ခရီးသည်တင် YBS ယာဉ်စီခများမတက်၊ယာဉ်စီးခတက်ကြောင်းဖော်ပြစာများ ပြန်ဖြုတ်ခိုင်းထားဟုဆို

(Unicode)

ခရီးသည်တင် YBS ယာဉ်စီခများမတက်၊ယာဉ်စီးခတက်ကြောင်းဖော်ပြစာများ ပြန်ဖြုတ်ခိုင်းထားဟုဆို

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခများတိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားခြင်းမရှိဘဲ ယခင်သတ်မှတ် နှုန်းထားများအတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း YBS ခရီးသည်တင်ယာဉ်လိုင်းအချို့တွင် ယာဉ်စီးခ များ ပြောင်းလဲကောက်ခံခြင်းများရှိကာ၊ ပုံမှန်အားဖြင့် ခရီးစဉ်အစ၊ အဆုံး ကျပ် ၂၀၀ ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့တွင် ယာဉ်စီးခကို ကျပ် ၂၀၀ နှစ်ပိုင်းခွဲ၍ ခရီးစဉ် အစ၊ အဆုံး ကျပ် ၄၀၀ သို့တိုးမြှင့်ကောက်ခံခြင်းများရှိနေသည်။

“ကျွန်တော်တို့ YRTC အနေနဲ့ ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ညွှန်ကြားထား တာမရှိပါဘူး။ ပုံမှန်သတ်မှတ်နှုန်းထားအတိုင်းပဲ ပြေးဆွဲနေပါတယ်။ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်တွေမှာပါတဲ့ ယာဉ်စီးခပြောင်းလဲကောက်ခံမှုကို ယာဉ်တွေမှာ ဖော်ပြ ကပ်ထားတာတွေကိုလည်းပြန်ဖြုတ်ခိုင်းထားပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုသည်။

ထို့ပြင် YPS ကတ်စနစ် အသုံးပြုနိုင်သော ယာဉ်လိုင်းများတွင် ယာဉ်စီးခကို ကတ်စနစ်ဖြင့် ငွေပေးချေရာတွင်လည်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲယခင်သတ်မှတ်နှုန်းထားများအတိုင်းပင်ဖြစ်ကြောင်း ပြောသည်။

(Zawgyi)

ခရီးသည္တင္ YBS ယာဥ္စီခမ်ားမတက္၊ယာဥ္စီးခတက္ေၾကာင္းေဖာ္ျပစာမ်ား ျပန္ျဖဳတ္ခိုင္းထားဟုဆို

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ ခရီးသည္တင္ YBS ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခမ်ားတိုးျမႇင့္ေကာက္ခံရန္ ၫႊန္ၾကားထားျခင္းမရွိဘဲ ယခင္သတ္မွတ္ ႏႈန္းထားမ်ားအတိုင္း ေျပးဆြဲေပးလ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္ မန္က ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း YBS ခရီးသည္တင္ယာဥ္လိုင္းအခ်ိဳ႕တြင္ ယာဥ္စီးခ မ်ား ေျပာင္းလဲေကာက္ခံျခင္းမ်ားရွိကာ၊ ပုံမွန္အားျဖင့္ ခရီးစဥ္အစ၊ အဆုံး က်ပ္ ၂၀၀ ျဖင့္ ေျပးဆြဲေနသည့္ ယာဥ္လိုင္းအခ်ိဳ႕တြင္ ယာဥ္စီးခကို က်ပ္ ၂၀၀ ႏွစ္ပိုင္းခြဲ၍ ခရီးစဥ္ အစ၊ အဆုံး က်ပ္ ၄၀၀ သို႔တိုးျမႇင့္ေကာက္ခံျခင္းမ်ားရွိေနသည္။

“ကြၽန္ေတာ္တို႔ YRTC အေနနဲ႔ ယာဥ္စီးခေတြ တိုးျမႇင့္ေကာက္ခံဖို႔ ၫႊန္ၾကားထား တာမရွိပါဘူး။ ပုံမွန္သတ္မွတ္ႏႈန္းထားအတိုင္းပဲ ေျပးဆြဲေနပါတယ္။ ဒီရက္ပိုင္းအတြင္း လူမႈကြန္ရက္ေတြမွာပါတဲ့ ယာဥ္စီးခေျပာင္းလဲေကာက္ခံမႈကို ယာဥ္ေတြမွာ ေဖာ္ျပ ကပ္ထားတာေတြကိုလည္းျပန္ျဖဳတ္ခိုင္းထားပါတယ္” ဟု YRTC တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ဆိုသည္။

ထို႔ျပင္ YPS ကတ္စနစ္ အသုံးျပဳႏိုင္ေသာ ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခကို ကတ္စနစ္ျဖင့္ ေငြေပးေခ်ရာတြင္လည္း ေဈးႏႈန္းေျပာင္းလဲမႈမရွိဘဲယခင္သတ္မွတ္ႏႈန္းထားမ်ားအတိုင္းပင္ျဖစ္ေၾကာင္း ေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071