ဒုရဲအုပ်ချယ်ရီထက်၏ နောက်ရုံးချိန်းတွင် စွပ်စွဲခံရသူဘက်မှသက်သေအချို့အားစစ်ဆေးမည်

0
100

(Unicode)

ဒုရဲအုပ်ချယ်ရီထက်၏ နောက်ရုံးချိန်းတွင် စွပ်စွဲခံရသူဘက်မှသက်သေအချို့အားစစ်ဆေးမည်

ဒေါ်အောင်ဆန်းစုကြည်၏ သင်တော်စောင့်အဖြစ် တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်အား တရား စွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)အမှု၏ ဖေဖော်ဝါရီ ၂၄ ရက်ရုံးချိန်းတွင် စွပ်စွဲခံရသူဘက်မှတင်ပြသည့် သက်သေအချို့အား စစ်ဆေးသွားရန်ရှိသည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ဒုရဲအုပ်ချယ်ရီထက်အား တရားစွဲဆိုထားသည့်အမှုအတွက်ရုံးချိန်းအား ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်ရှိ အချုပ်ထောင်တွင်းတရားရုံး၌ ကြားနာစစ်ဆေးခဲ့သည်။

“ချယ်ရီထက်က သူကိုယ်တိုင်မနေ့ကရုံးချိန်းမှာ ဒီအမှုအတွက်သူ့မှာ အပြစ်မရှိဘူးလို့ထွက်ဆိုခဲ့တယ် မနေ့ကရုံးချိန်းကတော့ သူ့ကိုစွဲချက်တင်ခံရသူအနေနဲ့စစ်ဆေးခဲ့တာ”ဟုရှေ့နေတစ်ဦးကပြော သည်။

ဒုရဲအုပ်ချယ်ရီထက်သည် ၂၀၂၁ ခုနှစ်၊စက်တင် ဘာလက နေပြည်တော်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်ချ မှတ်ခံခဲ့ရသည်။

(Zawgyi)

ဒုရဲအုပ္ခ်ယ္ရီထက္၏ ေနာက္႐ုံးခ်ိန္းတြင္ စြပ္စြဲခံရသူဘက္မွသက္ေသအခ်ိဳ႕အားစစ္ေဆးမည္

ေဒၚေအာင္ဆန္းစုၾကည္၏ သင္ေတာ္ေစာင့္အျဖစ္ တာဝန္ယူခဲ့သည့္ ဒုရဲအုပ္ခ်ယ္ရီထက္အား တရား စြဲဆိုထားသည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅ (က)အမႈ၏ ေဖေဖာ္ဝါရီ ၂၄ ရက္႐ုံးခ်ိန္းတြင္ စြပ္စြဲခံရသူဘက္မွတင္ျပသည့္ သက္ေသအခ်ိဳ႕အား စစ္ေဆးသြားရန္ရွိသည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွသိရသည္။

ဒုရဲအုပ္ခ်ယ္ရီထက္အား တရားစြဲဆိုထားသည့္အမႈအတြက္႐ုံးခ်ိန္းအား ေဖေဖာ္ဝါရီ ၁၇ ရက္က ေနျပည္ေတာ္ရွိ အခ်ဳပ္ေထာင္တြင္းတရား႐ုံး၌ ၾကားနာစစ္ေဆးခဲ့သည္။

“ခ်ယ္ရီထက္က သူကိုယ္တိုင္မေန႔က႐ုံးခ်ိန္းမွာ ဒီအမႈအတြက္သူ႔မွာ အျပစ္မရွိဘူးလို႔ထြက္ဆိုခဲ့တယ္ မေန႔က႐ုံးခ်ိန္းကေတာ့ သူ႔ကိုစြဲခ်က္တင္ခံရသူအေနနဲ႔စစ္ေဆးခဲ့တာ”ဟုေရွ႕ေနတစ္ဦးကေျပာ သည္။

ဒုရဲအုပ္ခ်ယ္ရီထက္သည္ ၂၀၂၁ ခုႏွစ္၊စက္တင္ ဘာလက ေနျပည္ေတာ္၌ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီးေနာက္ ဒီဇင္ဘာ ၃၀ ရက္တြင္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒျဖင့္ ေထာင္ဒဏ္သုံးႏွစ္ခ် မွတ္ခံခဲ့ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here