Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁...

တိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁ ခုအား ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

တိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁ ခုအား ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် လုပ်ဆောင်ရန်ရှိနေသော လုပ်ငန်း ၁၁ ခုကို ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်၍ လာမည့် မတ်လ တစ်ရက်တွင် တင်ဒါ ဖောက်ဖွင့်စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

“နဂိုက ဈေးပြိုင် လေလံနဲ့ခေါ် ဖို့ လုပ်ထားခဲ့ပေမယ့် အခုက ကိုဗစ်ကြောင့် သတ်မှတ်စည်းကမ်းတွေနဲ့ အညီ တင်ဒါ အနေနဲ့ပဲ လုပ်ဖို့ စီစဉ်ထားတယ်။အခုတော့ မေးမြန်းတဲ့ လုပ်ငန်းရှင်တွေ ရှိနေပါပြီ”ဟုပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ​ပြောသည်။

ယင်းလုပ်ငန်းများမှာ စက်ဘီးငှားရမ်းမှု လုပ်ငန်း ၂ ခု၊ ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်း ၁ ခု၊ သန့်စင်ခန်း လုပ်ငန်း ၈ တို့ဖြစ်ကြောင်း၊၂၀၂၂-၂၃ ခုနှစ်ဘဏ္ဍာနှစ် ဘတ်ဂျက်အတွင်းလုပ်ကိုင်ခွင့် ပေးမည် ဖြစ်ကြောင်း၊တင်ဒါခေါ်ယူခြင်းကို ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာခေါ်ယူခဲ့ကာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် လျှောက်လွှာများ ဝယ်ယူတင်သွင်း နိုင်ကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းရင်းသားကျေးရွာကို ၂၀၂၀ ပြည့်နှစ် မတ်လက ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် မေလ ၃ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ခွင့် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ကို ၁၉၉၅ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Zaw Gyi

တိုင္းရင္းသားေက်း႐ြာ၏ လုပ္ငန္း ၁၁ ခုအား ပုဂၢလိလုပ္ငန္းရွင္မ်ားအား တင္ဒါစနစ္ျဖင့္လုပ္ကိုင္ခြင့္ျပဳမည္

ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ရွိ တိုင္းရင္းသားေက်း႐ြာတြင္ လုပ္ေဆာင္ရန္ရွိေနေသာ လုပ္ငန္း ၁၁ ခုကို ပုဂၢလိလုပ္ငန္းရွင္မ်ားအား တင္ဒါစနစ္ျဖင့္လုပ္ကိုင္ခြင့္ျပဳမည္ျဖစ္၍ လာမည့္ မတ္လ တစ္ရက္တြင္ တင္ဒါ ေဖာက္ဖြင့္စစ္ေဆးေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

“နဂိုက ေဈးၿပိဳင္ ေလလံနဲ႔ေခၚ ဖို႔ လုပ္ထားခဲ့ေပမယ့္ အခုက ကိုဗစ္ေၾကာင့္ သတ္မွတ္စည္းကမ္းေတြနဲ႔ အညီ တင္ဒါ အေနနဲ႔ပဲ လုပ္ဖို႔ စီစဥ္ထားတယ္။အခုေတာ့ ေမးျမန္းတဲ့ လုပ္ငန္းရွင္ေတြ ရွိေနပါၿပီ”ဟုျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ၏ ဒုတိယ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးဝင္းက ​ေျပာသည္။

ယင္းလုပ္ငန္းမ်ားမွာ စက္ဘီးငွားရမ္းမႈ လုပ္ငန္း ၂ ခု၊ ဓာတ္ပုံ႐ိုက္ကူးျခင္း လုပ္ငန္း ၁ ခု၊ သန႔္စင္ခန္း လုပ္ငန္း ၈ တို႔ျဖစ္ေၾကာင္း၊၂၀၂၂-၂၃ ခုႏွစ္ဘ႑ာႏွစ္ ဘတ္ဂ်က္အတြင္းလုပ္ကိုင္ခြင့္ ေပးမည္ ျဖစ္ေၾကာင္း၊တင္ဒါေခၚယူျခင္းကို ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္ကာေခၚယူခဲ့ကာ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာတြင္ ေလွ်ာက္လႊာမ်ား ဝယ္ယူတင္သြင္း ႏိုင္ေၾကာင္း သိရသည္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ တိုင္းရင္းသားေက်း႐ြာကို ၂၀၂၀ ျပည့္ႏွစ္ မတ္လက ပိတ္ထားခဲ့ရာမွ ၂၀၂၁ ခုႏွစ္ ေမလ ၃ ရက္တြင္ အမ်ားျပည္သူ လာေရာက္လည္ပတ္ခြင့္ ျပန္လည္ ခြင့္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ ကို ၁၉၉၅ ခုႏွစ္ကစတင္တည္ေဆာက္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္က စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071