Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်နှင့် ဦး၀င်းမြင့်အပါအ၀င် သုံးဦးကို...

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦး၀င်းမြင့်အပါအ၀င် သုံးဦးကို စွဲဆိုထားသောပုဒ်မ ၁၃၀-က အမှုအတွက် တရားလိုပြသက်သေ ၂၂ ဦးအထိ ထွက်ဆိုရန်ရှိနေ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦး၀င်းမြင့်အပါအ၀င် သုံးဦးကို စွဲဆိုထားသောပုဒ်မ ၁၃၀-က အမှုအတွက် တရားလိုပြသက်သေ ၂၂ ဦးအထိ ထွက်ဆိုရန်ရှိနေ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦး၀င်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၀န်ကြီးဋ္ဌာန ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့ သုံးဦးကို စွဲဆိုထားသော ပုဒ်မ ၁၃၀-က အမှုအတွက် တရားလိုပြသက်သေ ၂၂ ဦးအထိ သက်သေထွက်ဆိုရန် ရှိနေကြောင်း တရားရုံးနှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

ယင်းအမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ တိုင်ကြားထားသော အမှုတစ်ခုဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကော်မရှင်အပေါ် မလျော်သြဇာ သုံး၍ မဲမသမှုပြုလုပ်သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုအတွက် သီးခြားပြဋ္ဌာန်းထားသော ပုဒ်မ ၁၃၀-ကဖြင့် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်၍ ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ )ရက်က နေပြည်တော်ကောင်စီ၀န်းအတွင်းရှိ အထူးသီးသန့်တရားရုံးသို့ စွပ်စွဲခံရသူသုံးဦးကို ရုံးထုတ်ခဲ့ကြပြီးနောက် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး၊ ယင်းနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ဦးဇော်သန်းသင်းကို စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ချက်အမိန့်ချမှတ်ထားသည်။

အမှုတစ်ခုလုံးအတွက် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်(CMP)အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမည့် မေလ ၂ ရက်တွင် စွဲချက်အမိန့်ချမှတ်ရန် ဆုံးဖြတ်ထားပြီး၊ အမှုပေါ်ပေါက်သည်ဆိုပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် အမှုတစ်ခုဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၇ မှုဖြင့် တရားရင်ဆိုင်နေရပြီး၊ ယင်းအနက် အမှု ငါးမှုအတွက် ထောင်ဒဏ် ချမှတ်ခံထားရပြီးဖြစ်သည်။ အလားတူ ဦး၀င်းမြင့်မှာလည်း အဂတိအမှု ငါးမှုဖြင့် ဆက်လက် တရားရင်ဆိုင်ရန်ရှိနေပြီး အမှု နှစ်မှုအတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည်။

Zaw Gyi

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦး၀င္းျမင့္အပါအ၀င္ သုံးဦးကို စြဲဆိုထားေသာပုဒ္မ ၁၃၀-က အမႈအတြက္ တရားလိုျပသက္ေသ ၂၂ ဦးအထိ ထြက္ဆိုရန္ရွိေန

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတေဟာင္းဦး၀င္းျမင့္ႏွင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး၀န္ႀကီး႒ာန ျပည္ေထာင္စု၀န္ႀကီးေဟာင္း ဦးမင္းသူတို႔ သုံးဦးကို စြဲဆိုထားေသာ ပုဒ္မ ၁၃၀-က အမႈအတြက္ တရားလိုျပသက္ေသ ၂၂ ဦးအထိ သက္ေသထြက္ဆိုရန္ ရွိေနေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူ အခ်ိဳ႕ထံမွ သိရသည္။

ယင္းအမႈအား ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႉး ဦးေအာင္မ်ိဳးလြင္က တရားလိုျပဳလုပ္၍ တိုင္ၾကားထားေသာ အမႈတစ္ခုျဖစ္ၿပီး၊ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာ သုံး၍ မဲမသမႈျပဳလုပ္သည္ဟုဆိုကာ ေ႐ြးေကာက္ပြဲဆိုင္ရာအျငင္းပြားမႈအတြက္ သီးျခားျပ႒ာန္းထားေသာ ပုဒ္မ ၁၃၀-ကျဖင့္ အမႈဖြင့္ တိုင္ၾကားထားျခင္းျဖစ္သည္။

အမႈႏွင့္ ပတ္သက္၍ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၄ )ရက္က ေနျပည္ေတာ္ေကာင္စီ၀န္းအတြင္းရွိ အထူးသီးသန္႔တရား႐ုံးသို႔ စြပ္စြဲခံရသူသုံးဦးကို ႐ုံးထုတ္ခဲ့ၾကၿပီးေနာက္ တရားလိုျပသက္ေသတစ္ဦးကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီ ၂၁ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားၿပီး၊ ယင္းေန႔႐ုံးခ်ိန္းတြင္ တရားလိုျပသက္ေသ ဦးေဇာ္သန္းသင္းကို စစ္ေဆးရန္ တရား႐ုံးက ဆုံးျဖတ္ခ်က္အမိန္႔ခ်မွတ္ထားသည္။

အမႈတစ္ခုလုံးအတြက္ မႈခင္းစီမံခန္႔ခြဲမႈ အစီအစဥ္(CMP)အစည္းအေဝး ဆုံးျဖတ္ခ်က္အရ လာမည့္ ေမလ ၂ ရက္တြင္ စြဲခ်က္အမိန္႔ခ်မွတ္ရန္ ဆုံးျဖတ္ထားၿပီး၊ အမႈေပၚေပါက္သည္ဆိုပါက ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည့္ အမႈတစ္ခုျဖစ္သည္။

လက္ရွိတြင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အမႈေပါင္း ၁၇ မႈျဖင့္ တရားရင္ဆိုင္ေနရၿပီး၊ ယင္းအနက္ အမႈ ငါးမႈအတြက္ ေထာင္ဒဏ္ ခ်မွတ္ခံထားရၿပီးျဖစ္သည္။ အလားတူ ဦး၀င္းျမင့္မွာလည္း အဂတိအမႈ ငါးမႈျဖင့္ ဆက္လက္ တရားရင္ဆိုင္ရန္ရွိေနၿပီး အမႈ ႏွစ္မႈအတြက္ ေထာင္ဒဏ္ႏွစ္ႏွစ္ ခ်မွတ္ခံထားရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071