Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsမြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ယူနက်စကိုမှ...

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ယူနက်စကိုမှ ကွင်းဆင်း လေ့လာ

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ယူနက်စကိုမှ ကွင်းဆင်း လေ့လာ

ရခိုင်ပြည်နယ်၊မြောက်ဦး မြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက်၊ ရှေ့ပြေး လေ့လာမှုအနေနဲ့.ယူနက်စကိုတာဝန်ရှိသူအချို့ ယခုရက်ထဲ မြောက်ဦးမြို့သို့ရောက်ရှိလာပြီး၊ ကွင်းဆင်း လေ့လာနေတယ်လို့ နစကပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

ဖေဖော်ဝါရီ ၈ရက်နေ့က လာရောက်ခဲ့တာဖြစ်ပြီး ယူနက်စကိုက ရေအသုံးချမှုဆိုင်ရာပညာရှင်ဖြစ်တဲ့ အီတလီနိုင်ငံသား၊ Professor Massimo Sarti နဲ့ အဖွဲ့ လာရောက်ခဲ့တာပါ။

မြောက်ဦးမြို့ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်း၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပါယ်ညွန့်၊ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင် ရှေ့ဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက်ညွန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင် တို့ပူးပေါင်းပါအဖွဲ့ကလည်း ကွင်းဆင်းလေ့လာနေတာရှိပါတယ်။

ရေအသုံးချရေးဆိုင်ရာပညာရှင်ဖြစ်တဲ့ အီတလီနိုင်ငံသား Professor Massimo Sarti နဲ့ အဖွဲ့က မြောက်ဦးမြို့ဝင် ရေလမ်းကြောင်းတွေဖြစ်တဲ့ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းဈေးမြောင်းချောင်း၊ လက်ဆည်ကန်နဲ့ အနူမ ကန် တို့ကို လေ့လာကွင်းဆင်းခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာ မူချော ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ယူနက်စကိုသို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုလာမယ့် ၂၀၂၃ ခုနှစ်မှာ ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာကြဖို့လည်းရှိနေပါတယ်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင် မင်းအဆက်ဆက် ထီးနန်းစိုးစံအုပ် ချုပ်ခဲ့တဲ့ ရှေ့ဟောင်း သမိုင်းဝင် အမွေအနှစ်နေရာလည်းဖြစ်ပါတယ်။

Zaw Gyi

ေျမာက္ဦးၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္းအေမြအႏွစ္စာရင္းဝင္ႏိုင္ေရး ယူနက္စကိုမွ ကြင္းဆင္း ေလ့လာ

ရခိုင္ျပည္နယ္၊ေျမာက္ဦး ၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္းအေမြအႏွစ္စာရင္း ဝင္ႏိုင္ေရးအတြက္၊ ေရွ႕ေျပး ေလ့လာမႈအေနနဲ႔.ယူနက္စကိုတာဝန္ရွိသူအခ်ိဳ႕ ယခုရက္ထဲ ေျမာက္ဦးၿမိဳ႕သို႔ေရာက္ရွိလာၿပီး၊ ကြင္းဆင္း ေလ့လာေနတယ္လို႔ နစကျပန္ၾကားေရးက သတင္းထုတ္ထားပါတယ္။

ေဖေဖာ္ဝါရီ ၈ရက္ေန႔က လာေရာက္ခဲ့တာျဖစ္ၿပီး ယူနက္စကိုက ေရအသုံးခ်မႈဆိုင္ရာပညာရွင္ျဖစ္တဲ့ အီတလီႏိုင္ငံသား၊ Professor Massimo Sarti နဲ႔ အဖြဲ႕ လာေရာက္ခဲ့တာပါ။

ေျမာက္ဦးၿမိဳ႕ေရွ႕ေဟာင္းအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ ေရးေကာ္မတီဥကၠ႒ ေဒၚခင္သန္း၊ ရခိုင္သဟာယအသင္းမွ ေဒၚျမစံပါယ္ၫြန႔္၊ ေဒါက္တာ ေစာျမေအာင္ ေဖာင္ေဒးရွင္းမွ ေဒါက္တာတင္မာေအာင္ ေရွ႕ေဟာင္းသုေတသနနဲ႔ အမ်ိဳးသား ျပတိုက္ၫြန္ၾကားေရးဦးစီးဌာနမွ ၫြန္ၾကားေရးမႉး ဦးၾကည္ခင္ တို႔ပူးေပါင္းပါအဖြဲ႕ကလည္း ကြင္းဆင္းေလ့လာေနတာရွိပါတယ္။

ေရအသုံးခ်ေရးဆိုင္ရာပညာရွင္ျဖစ္တဲ့ အီတလီႏိုင္ငံသား Professor Massimo Sarti နဲ႔ အဖြဲ႕က ေျမာက္ဦးၿမိဳ႕ဝင္ ေရလမ္းေၾကာင္းေတြျဖစ္တဲ့ ေက်ာက္ရာဇ္ေကေခ်ာင္း၊ ေငြေတာင္ ေပါက္ေခ်ာင္း၊ ေတာင္ျဖဴက်ဳံး၊ မင္းသမီးေပါင္း၊ ပန္းေဈးေျမာင္းေခ်ာင္း၊ လက္ဆည္ကန္နဲ႔ အႏူမ ကန္ တို႔ကို ေလ့လာကြင္းဆင္းခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ဦးၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္း အေမြအႏွစ္စာရင္းတင္သြင္းႏိုင္ေရးအတြက္ အဆိုျပဳလႊာ မူေခ်ာ ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ ယူနက္စကိုသို႔ တင္သြင္းခဲ့တာျဖစ္ပါတယ္။ ယခုလာမယ့္ ၂၀၂၃ ခုႏွစ္မွာ ယူနက္စကိုမွ ပညာရွင္မ်ားက လာေရာက္ ကြင္းဆင္းေလ့လာၾကဖို႔လည္းရွိေနပါတယ္။

ေျမာက္ဦးၿမိဳ႕ကို ေအဒီ ၁၄၃၀ ခုႏွစ္တြင္ ရခိုင္ဘုရင္မင္းေစာမြန္က စတင္ တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း ၃၅၄ ႏွစ္တိုင္ေအာင္ ရခိုင္ဘုရင္ မင္းအဆက္ဆက္ ထီးနန္းစိုးစံအုပ္ ခ်ဳပ္ခဲ့တဲ့ ေရွ႕ေဟာင္း သမိုင္းဝင္ အေမြအႏွစ္ေနရာလည္းျဖစ္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071