Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsရန်ကုန်နဲ့မန္တလေးမှာ ဖျားနာလူနာတွေ တွေ့မှုများလာ

ရန်ကုန်နဲ့မန္တလေးမှာ ဖျားနာလူနာတွေ တွေ့မှုများလာ

ရန်ကုန်နဲ့မန္တလေးမှာ ဖျားနာလူနာတွေ တွေ့မှုများလာ

အခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ ဖျားနာလူနာတွေ တွေ့ရတာများလာတယ်လို့ မြို့ခံအချို့ကပြောပြပါတယ်။

သာကေတ သဒ္ဒါရုံဘက်က မြို့ခံတစ်ဦးက အနီးနားကဆေးခန်းအချို့ဆို မနက်၁၀နာရီလောက်ကတည်းက လူနာ၁၀ဦးလောက်က တန်းစီစောင့်နေရတယ်လို့ ပြောပါတယ်။

“လည်ချောင်းတွေနာတယ်။ချောင်းတွေဆိုး ခေါင်းတွေကိုက်တယ်”လို့ လူနာတစ်ဦးကသူခံစားရတာကိုပြောပါတယ်။

အချို့ကလည်း ရာသီတုပ်ကွေး၊အချို့ကလည်းကိုဗစ်ဖြစ်နေကြတာ တွေ့ရပါတယ်။

“လည်ချောင်းလေးနာနေလို့ စစ်လိုက်တော့ ကိုဗစ်ဖြစ်နေတယ်”လို့ ရန်ကုန်မြို့ကကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပြပါတယ်။

မန္တလေးမှာလည်း ဖျားနာသူ အချို့ အနီးပါတ်ဝန်းကျင်မှာ စတွေ့လာကြောင်း ပရဟိတဆောင်ရွက်နေသူတွေကပြောပြပါတယ်။

“အောက်စီဂျင်တွေတိုင်းကြည့်တာတော့ မကျဘူး”လို့ ပြောပြပါတယ်။

“မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)ကဆိုရင် ဖေဖော်ဝါရီ၆ရက်နေ့က အောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာ၂ဦးကို လမ်းကြောင်း၂ကြောင်းနဲ့ ဆေးရုံပို့ခဲ့ရတယ်လို့ပြောပြပါတယ်။

“ပြန်စပို့ရတဲ့အခြေအနေပေါ့”လို့ အသင်းက ရှင်းပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၆ရက်ထုတ်ပြန်ချက်မှာတော့ မန္တလေးအောင်မြေသာစံနဲ့ ချမ်းအေးသာစံမှာ ကိုဗစ်ပိုးတွေ့လူနာ ၃ယောက်တွေ့တယ်လို့ ကြေညာထားပြီးရန်ကုန်မှာတော့ ၁၉၈ဦးတွေ့တဲ့အကြောင်း ကြေညာထားတာရှိပါတယ်။

ရန်ကုန်မှာ ဖေဖော်ဝါရီ ၅ရက်ကြေညာချက်အရဆို ၁၃၃ဦးပဲတွေ့ထားတော့ တက်လာတာတွေ့ရပါတယ်။

တစ်ဖက်မှာတော့ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ၆ရက်နေ့ ည၈နာရီ သတင်းထုတ်ပြန်ချက်မှာ စစ်ဆေးသူ၂၄၃၃၃ ဦး၊ပိုးတွေ့သူ၃၃၂ ဦး ၊ပိုးတွေ့ရာနှုန်း၁.၃၆ % ၊ဆေးရုံဆင်းသူ၁၂၄ ဦး၊ဆေးရုံဆင်းရာနှုန်း၉၅.၆၁ % ၊သေဆုံးသူ ၀ ဦး ၊သေဆုံးသူမရှိ ၁၄ ရက်ရှိလို့ ဖော်ပြထားတာရှိပါတယ်။

အဓိကကတော့ ကာကွယ်ဆေးထိုးပါ၊နှာခေါင်းစည်းတပ်ပါ။လက်ဆေးပါ။လူစုလူဝေးရှောင်ပါ။လို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးနေပါတယ်။

ဓါတ်ပုံ-မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)

Zaw Gyi

ရန္ကုန္နဲ႔မႏၲေလးမွာ ဖ်ားနာလူနာေတြ ေတြ႕မႈမ်ားလာ

အခုရက္ပိုင္းအတြင္း ရန္ကုန္နဲ႔ မႏၲေလးမွာ ဖ်ားနာလူနာေတြ ေတြ႕ရတာမ်ားလာတယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕ကေျပာျပပါတယ္။

သာေကတ သဒၵါ႐ုံဘက္က ၿမိဳ႕ခံတစ္ဦးက အနီးနားကေဆးခန္းအခ်ိဳ႕ဆို မနက္၁၀နာရီေလာက္ကတည္းက လူနာ၁၀ဦးေလာက္က တန္းစီေစာင့္ေနရတယ္လို႔ ေျပာပါတယ္။

“လည္ေခ်ာင္းေတြနာတယ္။ေခ်ာင္းေတြဆိုး ေခါင္းေတြကိုက္တယ္”လို႔ လူနာတစ္ဦးကသူခံစားရတာကိုေျပာပါတယ္။

အခ်ိဳ႕ကလည္း ရာသီတုပ္ေကြး၊အခ်ိဳ႕ကလည္းကိုဗစ္ျဖစ္ေနၾကတာ ေတြ႕ရပါတယ္။

“လည္ေခ်ာင္းေလးနာေနလို႔ စစ္လိုက္ေတာ့ ကိုဗစ္ျဖစ္ေနတယ္”လို႔ ရန္ကုန္ၿမိဳ႕ကကုမၸဏီဝန္ထမ္းတစ္ဦးကေျပာျပပါတယ္။

မႏၲေလးမွာလည္း ဖ်ားနာသူ အခ်ိဳ႕ အနီးပါတ္ဝန္းက်င္မွာ စေတြ႕လာေၾကာင္း ပရဟိတေဆာင္႐ြက္ေနသူေတြကေျပာျပပါတယ္။

“ေအာက္စီဂ်င္ေတြတိုင္းၾကည့္တာေတာ့ မက်ဘူး”လို႔ ေျပာျပပါတယ္။

“မဏီစလ”လူမႈကူညီေရးအသင္း(မႏၲေလး)ကဆိုရင္ ေဖေဖာ္ဝါရီ၆ရက္ေန႔က ေအာက္စီဂ်င္က်ေနတဲ့ ကိုဗစ္လူနာ၂ဦးကို လမ္းေၾကာင္း၂ေၾကာင္းနဲ႔ ေဆး႐ုံပို႔ခဲ့ရတယ္လို႔ေျပာျပပါတယ္။

“ျပန္စပို႔ရတဲ့အေျခအေနေပါ့”လို႔ အသင္းက ရွင္းျပပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေဖေဖာ္ဝါရီ ၆ရက္ထုတ္ျပန္ခ်က္မွာေတာ့ မႏၲေလးေအာင္ေျမသာစံနဲ႔ ခ်မ္းေအးသာစံမွာ ကိုဗစ္ပိုးေတြ႕လူနာ ၃ေယာက္ေတြ႕တယ္လို႔ ေၾကညာထားၿပီး
ရန္ကုန္မွာေတာ့ ၁၉၈ဦးေတြ႕တဲ့အေၾကာင္း ေၾကညာထားတာရွိပါတယ္။

ရန္ကုန္မွာ ေဖေဖာ္ဝါရီ ၅ရက္ေၾကညာခ်က္အရဆို ၁၃၃ဦးပဲေတြ႕ထားေတာ့ တက္လာတာေတြ႕ရပါတယ္။

တစ္ဖက္မွာေတာ့ COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈနဲ႔ ပတ္သက္တဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေဖေဖာ္ဝါရီ၆ရက္ေန႔ ည၈နာရီ သတင္းထုတ္ျပန္ခ်က္မွာ စစ္ေဆးသူ၂၄၃၃၃ ဦး၊
ပိုးေတြ႕သူ၃၃၂ ဦး ၊ပိုးေတြ႕ရာႏႈန္း၁.၃၆ % ၊ေဆး႐ုံဆင္းသူ၁၂၄ ဦး၊ေဆး႐ုံဆင္းရာႏႈန္း၉၅.၆၁ % ၊ေသဆုံးသူ ၀ ဦး ၊ေသဆုံးသူမရွိ ၁၄ ရက္ရွိလို႔ ေဖာ္ျပထားတာရွိပါတယ္။

အဓိကကေတာ့ ကာကြယ္ေဆးထိုးပါ၊ႏွာေခါင္းစည္းတပ္ပါ။လက္ေဆးပါ။လူစုလူေဝးေရွာင္ပါ။လို႔ က်န္းမာေရးဝန္ထမ္းေတြက သတိေပးေနပါတယ္။

ဓါတ္ပုံ-မဏီစလ”လူမႈကူညီေရးအသင္း(မႏၲေလး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071