Tuesday, August 4, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsရွေးကောက်ပွဲလုပ်ကာ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေးမည်...

ရွေးကောက်ပွဲလုပ်ကာ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေးမည် ဆိုသည့် ကတိအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဟု နစက ဒုတိယဥက္ကဋ္ဌပြောကြား

ရွေးကောက်ပွဲလုပ်ကာ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေးမည်ဆိုသည့် ကတိအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဟု နစကဒုတိယဥက္ကဋ္ဌပြောကြား

အရေးပေါ်ကာလ ပြီးဆုံးပါက ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်မြေအေး ချမ်းရန်လိုအပ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဖေဖော်ဝါရီ ၃ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွေ့ဆုံပွဲအတွင်း ပြောကြားလိုက်သည်။

ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းကောက်ခံခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ မဲရုံထောင်ခြင်းများ ကောင်းမွန်မှန်ကန်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်သကဲ့သို့ မဲပေးသည့် သူများသည်လည်း အကြောက်တရားကင်းစွာဖြင့် ဘေး အန္တရာယ်ကင်းရှင်းစွာ မိမိဆန္ဒနှင့် အညီ မဲပေးခွင့်ရရန် လိုမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“ တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုမရှိမှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစမှအဆုံး အောင်မြင်နိုင်မည်ဖြစ်ပြီး အောင်မြင်နိုင်အောင်လည်း ပြည်သူတစ်ရပ်လုံးမှ ယုံမှားသံသယကင်း ရှင်းစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှု ရှိနေပါလျှင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်း မရှိပါက အနိုင်ရ ကိုယ်စား လှယ်လောင်းများ၊ ၎င်းမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့များ ပေါ်ထွက်လာနိုင်မည်မ ဟုတ်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း”ဟု နစကဒုတိယဥက္ကဋ္ဌပြောကြားသည်။

အာဏာသိမ်းခြင်းသည် ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အာဏာသိမ်း ခေါင်းဆောင်နှင့် ပြည်သူအများစုလိုလားသည့် စနစ်တစ်ခု ပြောင်းရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကိုရေးဆွဲအတည်ပြုရသဖြင့် အာဏာပြန်လည်လွှဲပေးနိုင်မှုသည် အာဏာသိမ်းခေါင်းဆောင် အပေါ်တွင် မူတည်ပြီး ယခုမိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်အာဏာထိန်းခြင်း သည် ပြည်သူနှင့် တပ်မတော်က ထောက်ခံအတည်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်နေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် မလိုပါကြောင်း၊ ဖွဲ့စည်းပုံ မဖျက်သိမ်း၍ ဖွဲ့စည်းပုံပါ ဥပဒေများအတိုင်း အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ကန့်သတ်ကာလအတွင်းသာ အာဏာ သုံးရပ်ကို ထိန်းသိမ်းပြီး အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းစဉ်များကို ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပဉ္စမအချက်ပါ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည် လွှဲပြောင်းပေး ရမည်သာ ဖြစ်ကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။

Zaw Gyi

ေ႐ြးေကာက္ပြဲလုပ္ကာ အႏိုင္ရပါတီကို အာဏာလြဲေျပာင္းေပးမည္ဆိုသည့္ ကတိအတိုင္းဆက္လက္ေဆာင္႐ြက္ေပးမည္ဟု နစကဒုတိယဥကၠ႒ေျပာၾကား

အေရးေပၚကာလ ၿပီးဆုံးပါက ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး နယ္ေျမေအး ခ်မ္းရန္လိုအပ္ေၾကာင္း နစကဒုတိယဥကၠ႒က ေဖေဖာ္ဝါရီ ၃ရက္ေန႔ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမေတြ႕ဆုံပြဲအတြင္း ေျပာၾကားလိုက္သည္။

ေ႐ြးေကာက္ပြဲအႀကိဳကာလ လုပ္ငန္းစဥ္မ်ားျဖစ္သည့္ မဲစာရင္းေကာက္ခံျခင္း၊ မဲဆြယ္ စည္း႐ုံးျခင္း၊ မဲ႐ုံေထာင္ျခင္းမ်ား ေကာင္းမြန္မွန္ကန္စြာ လုပ္ေဆာင္ႏိုင္ရန္ လိုအပ္မည္ ျဖစ္သကဲ့သို႔ မဲေပးသည့္ သူမ်ားသည္လည္း အေၾကာက္တရားကင္းစြာျဖင့္ ေဘး အႏၲရာယ္ကင္းရွင္းစြာ မိမိဆႏၵႏွင့္ အညီ မဲေပးခြင့္ရရန္ လိုမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုသည္။

“ တည္ၿငိမ္ေအးခ်မ္းၿပီး အၾကမ္းဖက္မႈမရွိမွသာ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား အစမွအဆုံး ေအာင္ျမင္ႏိုင္မည္ျဖစ္ၿပီး ေအာင္ျမင္ႏိုင္ေအာင္လည္း ျပည္သူတစ္ရပ္လုံးမွ ယုံမွားသံသယကင္း ရွင္းစြာျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ အၾကမ္းဖက္မႈ ရွိေနပါလွ်င္ ေ႐ြးေကာက္ပြဲ က်င္းပ ႏိုင္ျခင္းရွိမည္မဟုတ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲအား က်င္းပႏိုင္ျခင္း မရွိပါက အႏိုင္ရ ကိုယ္စား လွယ္ေလာင္းမ်ား၊ ၎မွ ႏိုင္ငံေတာ္အႀကီးအကဲမ်ား၊ အစိုးရအဖြဲ႕မ်ား ေပၚထြက္လာႏိုင္မည္မ ဟုတ္သည္ကို သတိျပဳရန္ လိုအပ္ပါေၾကာင္း”ဟု နစကဒုတိယဥကၠ႒ေျပာၾကားသည္။

အာဏာသိမ္းျခင္းသည္ ရွိၿပီးျဖစ္သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္း၍ အာဏာသိမ္း ေခါင္းေဆာင္ႏွင့္ ျပည္သူအမ်ားစုလိုလားသည့္ စနစ္တစ္ခု ေျပာင္းရန္ အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အသစ္ကိုေရးဆြဲအတည္ျပဳရသျဖင့္ အာဏာျပန္လည္လႊဲေပးႏိုင္မႈသည္ အာဏာသိမ္းေခါင္းေဆာင္ အေပၚတြင္ မူတည္ၿပီး ယခုမိမိတို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ႏိုင္ငံေတာ္အာဏာထိန္းျခင္း သည္ ျပည္သူႏွင့္ တပ္မေတာ္က ေထာက္ခံအတည္ျပဳသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျဖစ္ေန၍ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းရန္ မလိုပါေၾကာင္း၊ ဖြဲ႕စည္းပုံ မဖ်က္သိမ္း၍ ဖြဲ႕စည္းပုံပါ ဥပေဒမ်ားအတိုင္း အေရးေပၚကာလ ျပ႒ာန္းခ်က္ပါ ကန႔္သတ္ကာလအတြင္းသာ အာဏာ သုံးရပ္ကို ထိန္းသိမ္းၿပီး အေရးေပၚကာလ ျပ႒ာန္းခ်က္ပါ လုပ္ငန္းစဥ္မ်ားကို ေျဖရွင္းေပးေနျခင္းျဖစ္ၿပီး ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၏ ပၪၥမအခ်က္ပါ လြတ္လပ္၍ တရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကို သတ္မွတ္ကာလအတြင္း က်င္းပ၍ အႏိုင္ရပါတီအား ျပန္လည္ လႊဲေျပာင္းေပး ရမည္သာ ျဖစ္ေၾကာင္းပါ ထည့္သြင္းေျပာဆိုခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071