ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ ဖေဖော်ဝါရီလအ တွင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မည်

0
117

ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ ဖေဖော်ဝါရီလအ တွင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မည်

ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံခွဲဖြစ်သည့် ဆေးဝါးစက်ရုံ(ရွာသာကြီး)မှ ဖေဖော်ဝါလအ တွင်း၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအား စမ်း သပ်ထုတ်လုပ်သွားမည်ဖြစ်ကာ စမ်းသပ်ထုတ် လုပ်မှုပြီးပါက တစ်လလျင် ကာကွယ်ဆေးတစ် သန်းထုတ်လုပ်သွားမည်ဟု မြန်မာ့ဆေးဝါးလုပ် ငန်းမှသိရသည်။

“လက်ရှိအချိန်မှာ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ စီစဥ်နေပါပြီ လိုအပ်တဲ့စက်နဲ့စက်ပစ္စည်းတွေ တခြားလိုအပ်တဲ့ အ ထောက်အကူပြုပစ္စည်းတွေကိုလည်းဝယ်ယူဖြည့်တင်းပြီးပါပြီ ဒီဖေဖော်ဝါရီလထဲမှာစမ်းသပ်ထုတ် လုပ်တဲ့အဆင့်ကိုစပါမယ်”ဟု မြန်မာ့ဆေးဝါးလုပ် ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကပြောသည်။

စမ်းသပ်ထုတ်လုပ်သည့်အဆင့်ပြီးပါက တစ်လလျင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး doses ၁ သန်းထုတ်လုပ်သွားမည်ဖြစ်ကာ စုစုပေါင်း ၁၀ သန်းအထိထုတ်လုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

“စျေးနှုန်းသက်သာမယ်ဆိုတာကိုတော့ပြောနိုင်ပါတယ် ဘယ်လောက်အထိသက်သာမယ်ဆိုတာကိုတော့ အခုချိန်ထိပြောလို့မရသေးဘူး”ဟုဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကဆက်ပြောသည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထုတ်လုပ်ပြီးပါက ဖြန့်ဖြူးမှုစနစ်အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနတစ်ခုထဲကိုသာ တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)ရောဂါကာ ကွယ်ဆေးထိုးလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ လို အပ်ချက်ကိုပဲဖြည့်ဆည်းပေးမှာပါ ၁၀ သန်းအထိထုတ်လုပ်မယ် ကျန်းမာရေးအရ လိုအပ်ချက်ရှိရင်လည်းထပ်ပြီးထုတ်ပေးသွားမှာပါ”ဟုမြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကပြောသည်။

Zaw Gyi

ေဆးဝါးစက္႐ုံခြဲ(႐ြာသာႀကီး)မွ ေဖေဖာ္ဝါရီလအ တြင္း ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးစမ္းသပ္ထုတ္လုပ္မည္

ေဆးဝါးစက္႐ုံ(အင္းစိန္)၏ စက္႐ုံခြဲျဖစ္သည့္ ေဆးဝါးစက္႐ုံ(႐ြာသာႀကီး)မွ ေဖေဖာ္ဝါလအ တြင္း၌ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးအား စမ္း သပ္ထုတ္လုပ္သြားမည္ျဖစ္ကာ စမ္းသပ္ထုတ္ လုပ္မႈၿပီးပါက တစ္လလ်င္ ကာကြယ္ေဆးတစ္ သန္းထုတ္လုပ္သြားမည္ဟု ျမန္မာ့ေဆးဝါးလုပ္ ငန္းမွသိရသည္။

“လက္ရွိအခ်ိန္မွာ ေဆးဝါးစက္႐ုံခြဲ(႐ြာသာႀကီး)မွာ ကိုဗစ္ကာကြယ္ေဆးထုတ္ဖို႔ စီစဥ္ေနပါၿပီ လိုအပ္တဲ့စက္နဲ႔စက္ပစၥည္းေတြ တျခားလိုအပ္တဲ့ အ ေထာက္အကူျပဳပစၥည္းေတြကိုလည္းဝယ္ယူျဖည့္တင္းၿပီးပါၿပီ ဒီေဖေဖာ္ဝါရီလထဲမွာစမ္းသပ္ထုတ္ လုပ္တဲ့အဆင့္ကိုစပါမယ္”ဟု ျမန္မာ့ေဆးဝါးလုပ္ ငန္းမွ ဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကေျပာသည္။

စမ္းသပ္ထုတ္လုပ္သည့္အဆင့္ၿပီးပါက တစ္လလ်င္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး doses ၁ သန္းထုတ္လုပ္သြားမည္ျဖစ္ကာ စုစုေပါင္း ၁၀ သန္းအထိထုတ္လုပ္သြားမည္ျဖစ္သည္ဟု သိရသည္။

“ေစ်းႏႈန္းသက္သာမယ္ဆိုတာကိုေတာ့ေျပာႏိုင္ပါတယ္ ဘယ္ေလာက္အထိသက္သာမယ္ဆိုတာကိုေတာ့ အခုခ်ိန္ထိေျပာလို႔မရေသးဘူး”ဟုဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကဆက္ေျပာသည္။

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထုတ္လုပ္ၿပီးပါက ျဖန္႔ျဖဴးမႈစနစ္အေနျဖင့္ က်န္းမာေရးဝန္ႀကီး ဌာနတစ္ခုထဲကိုသာ တိုက္႐ိုက္ေရာင္းခ်ေပးသြားမည္ျဖစ္ကာ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္ (၁၉)ေရာဂါကာ ကြယ္ေဆးထိုးလုပ္ငန္းမ်ားအား ဆက္လက္လုပ္ကိုင္မည္ျဖစ္သည္။

“ကြၽန္ေတာ္တို႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လို အပ္ခ်က္ကိုပဲျဖည့္ဆည္းေပးမွာပါ ၁၀ သန္းအထိထုတ္လုပ္မယ္ က်န္းမာေရးအရ လိုအပ္ခ်က္ရွိရင္လည္းထပ္ၿပီးထုတ္ေပးသြားမွာပါ”ဟုျမန္မာ့ေဆးဝါးလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here