မြန်မာနိုင်ငံထွက်ပြောင်းများကို ထိုင်းနိုင်ငံသို့ အ ခွန်ကင်းလွတ်ခွင့်ကာလအစ၌ပင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှတဆင့်တင်ပို့နေ

0
460

မြန်မာနိုင်ငံထွက်ပြောင်းများကို ထိုင်းနိုင်ငံသို့ အ ခွန်ကင်းလွတ်ခွင့်ကာလအစ၌ပင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှတဆင့်တင်ပို့နေ

နှစ်စဥ် ဖေဖော်ဝါရီ ၁ ရက်မှသြဂုတ် ၃၁ ရက်အထိ မြန်မာနိုင်ငံထွက်ပြောင်းများအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခြင်းကို အခွန်ကင်းလွတ်ခွင့်ကာ လအဖြစ် သတ်မှတ်ထားသဖြင့် ယခုနှစ်အခွန်ကင်းလွတ်ခွင့်ကာလအစ၌ပင် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှများစွာတင်ပို့လျက်ရှိသည်ဟု ပြောင်းကုန်သည်များထံမှသိရသည်။

“၁ ရက်နေ့တစ်ရက်ထဲကိုပဲ မြန်မာ့ပြောင်းကားအ စီး ၁၀၀ လောက် ထိုင်းဖက်ကိုစပြီးတင်ပို့ခဲ့ပါတယ် မနှစ်ကထက်တော့နည်းတယ် အခွန်ကင်း လွတ်ခွင့်အထောက်အထားစာရွက်တွေကိုယူတဲ့အချိန် ထိုင်းဖက်ကနှောင့်နှေးတာတွေရှိတာကြောင့်ဖြစ်မယ်”ဟုပြောင်းကုန်သည်တစ်ဦးကပြော သည်။

မြန်မာနိုင်ငံထွက်ပြောင်းအား နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

“ဒီနှစ်ကဝယ်လိုအားများတယ် ကုမ္ပဏီတွေကလည်းလာဝယ်ကြတော့ ပြောင်းစိုက်တဲ့သူတွေအ တွက်ဈေးတန်းတစ်ခုရှိနေတယ် အဆင်ပြေကြတယ်ပေါ့ အခွန်ကင်းလွတ်ခွင့်ကာလမှာပြောင်းတစ်ပိဿာကို ၈၂၀ ကျပ်လောက်နဲ့ထိုင်းနိုင်ငံပို့ရတယ်”ဟုပြောင်းကုန်သည်တစ်ဦးကပြောသည်။

ရှမ်း၊ကချင်၊ကယား၊ကရင်ပြည်နယ်နှင့်မန္တလေး တိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့၌ တစ်နှစ်လျင် ဆောင်းပြောင်း၊နွေပြောင်း၊မိုးပြောင်းဟူ၍ လေးလတစ်ကြိမ်စိုက်ပျိုးထွက်ရှိသည်။

Zaw Gyi







ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထုတ်လုပ်ပြီးပါက ဖြန့်ဖြူးမှုစနစ်အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနတစ်ခုထဲကိုသာ တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)ရောဂါကာ ကွယ်ဆေးထိုးလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ လို အပ်ချက်ကိုပဲဖြည့်ဆည်းပေးမှာပါ ၁၀ သန်းအထိထုတ်လုပ်မယ် ကျန်းမာရေးအရ လိုအပ်ချက်ရှိရင်လည်းထပ်ပြီးထုတ်ပေးသွားမှာပါ”ဟုမြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here