Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...
HomeNewsLocal Newsရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ Online...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ Online booking တင်ရမည်

(Unicode)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှစတင်ကာ Online booking တင်ပြီး ပြသနိုင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနတွင် ပြသမည့်လူနာများအဆင်ပြေစေရန် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ Online booking စနစ်အားစမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် ပြသမည့်လူနာများသည် နံနက်အစောပိုင်းမှစတင်၍ တန်းစီစာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ကြောင့် လူနာများအဆင်ပြေစေရန် စမ်းသပ်သုံးစွဲရခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ လူစုလူဝေးကြောင့် ကိုဗစ်(၁၉) ရော ဂါကူးစက်မှုမှကာကွယ်ရန်လည်း Online booking စနစ်အားစတင်စမ်းသပ်အသုံးပြုရခြင်းဖြစ် သည်။

” အရင်ကဆိုရင်ကိုယ်ပြရမယ့်အလှည့်ရောက်ဖို့မပြောနဲ့ စာရင်းသွင်းဖို့ကိုပဲတန်းစီပြီးစောင့်ရတာမနက်အစောကြီးထရတယ် နယ်ကလာတဲ့လူနာတွေအတွက်ဆိုပိုဆိုးတာပေါ့ အခု booking တင်ရမယ်ဆိုတော့ မနက်အစောကြီးထတန်းစီစရာမလိုတော့ဘူး”ဟုဆီးချိုသွေးချိုရောဂါကုဌာနတွင်ပြသနေသည့် ဒေါ်တင်မာလွင်ကပြောသည်။

အဆိုပါ စနစ်အား တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ အထွေ ထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၁)(၂)(၃)၊အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာန၊နှလုံးဆေးကုဌာန၊သွေးရောဂါကုဌာန၊ ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊နှလုံးခုန်နှုံးဆိုင်ရာရောဂါများဆေးကုဌာန၊မျက်နှာမေးရိုးခွဲစိတ်ကုဌာန၊ဟော်မုန်းရောဂါဌာန၊ထိခိုက်ဒဏ်ရာနှင့်အရိုးအထူးကုဌာနနှင့်ဆီးချိုသွေးချိုရောဂါကုဌာနတို့၌ စမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်။

အလားတူ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တို့တွင်လည်း နေ့လည် ၁ နာရီမှ ၃ နာရီအထိ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန၌ ပြသမည့်လူနာများလည်း Online booking တင်ရမည်ဖြစ်သည်။

Online booking တင်ရာတွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၏ Page Messenger(သို့)viber (သို့ ) caremebot application မှတဆင့် ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၏ Page Link >> https://www.facebook.com/1205203356213171/posts/5122606461139488/

(Zawgyi)

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အထူးကုျပင္ပလူနာဌာနတြင္ျပသမည့္လူနာမ်ား ​ေဖ​ေဖာ္ဝါရီ ၁ရက္​ေန႔မွစတင္ကာ Online booking တင္ၿပီး ျပသႏိုင္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၏ အထူးကုျပင္ပလူနာဌာနတြင္ ျပသမည့္လူနာမ်ားအဆင္ေျပေစရန္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွစတင္၍ Online booking စနစ္အားစမ္းသပ္အသုံးျပဳသြားမည္ျဖစ္သည္ဟု သိရသည္။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အထူးကုျပင္ပလူနာဌာနတြင္ ျပသမည့္လူနာမ်ားသည္ နံနက္အေစာပိုင္းမွစတင္၍ တန္းစီစာရင္းသြင္းရန္ေစာင့္ဆိုင္းရျခင္း၊ ျပသရန္အခ်ိန္ၾကာျမင့္စြာေစာင့္ဆိုင္းရျခင္းတို႔ေၾကာင့္ လူနာမ်ားအဆင္ေျပေစရန္ စမ္းသပ္သုံးစြဲရျခင္းျဖစ္သည္ဟု သိရသည္။

အလားတူ လူစုလူေဝးေၾကာင့္ ကိုဗစ္(၁၉) ေရာ ဂါကူးစက္မႈမွကာကြယ္ရန္လည္း Online booking စနစ္အားစတင္စမ္းသပ္အသုံးျပဳရျခင္းျဖစ္ သည္။

” အရင္ကဆိုရင္ကိုယ္ျပရမယ့္အလွည့္ေရာက္ဖို႔မေျပာနဲ႔ စာရင္းသြင္းဖို႔ကိုပဲတန္းစီၿပီးေစာင့္ရတာမနက္အေစာႀကီးထရတယ္ နယ္ကလာတဲ့လူနာေတြအတြက္ဆိုပိုဆိုးတာေပါ့ အခု booking တင္ရမယ္ဆိုေတာ့ မနက္အေစာႀကီးထတန္းစီစရာမလိုေတာ့ဘူး”ဟုဆီးခ်ိဳေသြးခ်ိဳေရာဂါကုဌာနတြင္ျပသေနသည့္ ေဒၚတင္မာလြင္ကေျပာသည္။

အဆိုပါ စနစ္အား တနလၤာေန႔မွေသာၾကာေန႔အထိ နံနက္ ၉ နာရီမွမြန္းတည့္ ၁၂ နာရီအထိ အေထြ ေထြသမားေတာ္ေဆးကုဌာန၊အေထြေထြခြဲစိတ္ကုဌာန(၁)(၂)(၃)၊အစာအိမ္ႏွင့္အူလမ္းေၾကာင္းေဆးကုဌာန၊ႏွလုံးေဆးကုဌာန၊ေသြးေရာဂါကုဌာန၊ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာေဆးကုဌာန၊ႏွလုံးခုန္ႏႈံးဆိုင္ရာေရာဂါမ်ားေဆးကုဌာန၊မ်က္ႏွာေမး႐ိုးခြဲစိတ္ကုဌာန၊ေဟာ္မုန္းေရာဂါဌာန၊ထိခိုက္ဒဏ္ရာႏွင့္အ႐ိုးအထူးကုဌာနႏွင့္ဆီးခ်ိဳေသြးခ်ိဳေရာဂါကုဌာနတို႔၌ စမ္းသပ္အသုံးျပဳသြားမည္ျဖစ္သည္။

အလားတူ တနလၤာေန႔ႏွင့္ဗုဒၶဟူးေန႔တို႔တြင္လည္း ေန႔လည္ ၁ နာရီမွ ၃ နာရီအထိ ႏွလုံးႏွင့္ေသြးေၾကာခြဲစိတ္ကုဌာန၌ ျပသမည့္လူနာမ်ားလည္း Online booking တင္ရမည္ျဖစ္သည္။

Online booking တင္ရာတြင္ ရန္ကုန္ျပည္သူ႔ေဆး ႐ုံႀကီး၏ Page Messenger(သို႔)viber (သို႔ ) caremebot application မွတဆင့္ ေဖ​ေဖာ္ဝါရီ ၁ရက္​ေန႔မွ စတင္ကာ အသုံးျပဳႏိုင္မည္ျဖစ္သည္။

ရန္ကုန္ျပည္သူ႔ေဆး ႐ုံႀကီး၏ Page Link >> https://www.facebook.com/1205203356213171/posts/5122606461139488/

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071