မန်းရွှေစက်တော်ဘုရားရှိ ဓာတ်လှေကားတည် ဆောက်မှု Phase-1 အပိုင်း ဇန်နဝါရီလကုန်၌ ပြီးစီးမည်

0
260

မန်းရွှေစက်တော်ဘုရားရှိ ဓာတ်လှေကားတည် ဆောက်မှု Phase-1 အပိုင်း ဇန်နဝါရီလကုန်၌ ပြီးစီးမည်

မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရာကြီး၌ တည်ဆောက်လျက်ရှိသည့် ဓာတ်လှေကားတာဝါဆောက်လုပ်နေသည့် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီး စီးပြီဖြစ်ကြောင်း သိရသည်။

ဓာတ်လှေကားဘုံဆောင်အမိုး မိုးရန်ပြင်ဆင်နေ ကာ လျောက်လမ်း၌မြန်မာမှုလက်ရာ ပန်းဆွဲအ လှဆင်ခြင်း၊နတ်လမ်းတည်ဆောက်ခြင်း၊လျောက်လမ်းကြမ်းခင်းတာရာစိုခင်းခြင်း၊ဓာတ်လှေကားအတွင်းအပြင်ဆေးသုတ်ခြင်း၊မျက်နှာကျက်မီးလိုင်းသွယ်တန်းခြင်း၊ဓါတ်လှေကားဝန်း ကျင်ကျောက်စီမြေကာနံရံနှင့်ရေမြောင်းတည် ဆောက်ခြင်းလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ဟု Kyaw Thar Engineering Construction Group ကုမ္ပဏီမှသိရသည်။

ဓါတ်လှေကားတာဝါ Phase-1 သည် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိသည်။

ဓာတ်လှေကား Phase-2 အပိုင်းအား AGT ကုမ္ပ ဏီမှ စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းအား အတက်၊အဆင်း တပ်ဆင်သွားမည်ဖြစ်သည်။

တည်ဆောက်ပြီးစီးပါက ဓာတ်လှေကားတစ်စင်းလျင် ၂၀ ဦးလိုက်ပါနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းအားလုံးကို ဖေဖော်ဝါရီလကုန်၌ ပြီး စီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Zaw Gyi

မန္းေ႐ႊစက္ေတာ္ဘုရားရွိ ဓာတ္ေလွကားတည္ ေဆာက္မႈ Phase-1 အပိုင္း ဇန္နဝါရီလကုန္၌ ၿပီးစီးမည္

မေကြးတိုင္း၊မင္းဘူးခ႐ိုင္၊မင္းဘူးၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရာႀကီး၌ တည္ေဆာက္လ်က္ရွိသည့္ ဓာတ္ေလွကားတာဝါေဆာက္လုပ္ေနသည့္ လုပ္ငန္းမ်ား ၉၀ ရာခိုင္ႏႈန္းခန္႔တည္ေဆာက္ၿပီး စီးၿပီျဖစ္ေၾကာင္း သိရသည္။

ဓာတ္ေလွကားဘုံေဆာင္အမိုး မိုးရန္ျပင္ဆင္ေန ကာ ေလ်ာက္လမ္း၌ျမန္မာမႈလက္ရာ ပန္းဆြဲအ လွဆင္ျခင္း၊နတ္လမ္းတည္ေဆာက္ျခင္း၊ေလ်ာက္လမ္းၾကမ္းခင္းတာရာစိုခင္းျခင္း၊ဓာတ္ေလွကားအတြင္းအျပင္ေဆးသုတ္ျခင္း၊မ်က္ႏွာက်က္မီးလိုင္းသြယ္တန္းျခင္း၊ဓါတ္ေလွကားဝန္း က်င္ေက်ာက္စီေျမကာနံရံႏွင့္ေရေျမာင္းတည္ ေဆာက္ျခင္းလုပ္ငန္းမ်ားအား လုပ္ေဆာင္လ်က္ရွိသည္ဟု Kyaw Thar Engineering Construction Group ကုမၸဏီမွသိရသည္။

ဓါတ္ေလွကားတာဝါ Phase-1 သည္ ႏွစ္က်ိပ္ရွစ္ဆူေစတီေတာ္အနီးမွကိုးခန္းႀကီးဘုရားအထိ (အလ်ား ေပ ၂၁၀ x အျမင့္ ၁၁၉ ေပ x အက်ယ္ ၁၂ ေပ)ရွိသည္။

ဓာတ္ေလွကား Phase-2 အပိုင္းအား AGT ကုမၸ ဏီမွ စပိန္ႏိုင္ငံထုတ္ Orona ဓာတ္ေလွကားအမ်ိဳးအစား Lift Tower ႏွစ္စင္းအား အတက္၊အဆင္း တပ္ဆင္သြားမည္ျဖစ္သည္။

တည္ေဆာက္ၿပီးစီးပါက ဓာတ္ေလွကားတစ္စင္းလ်င္ ၂၀ ဦးလိုက္ပါႏိုင္မည္ျဖစ္ၿပီး တည္ေဆာက္ေရးလုပ္ငန္းအားလုံးကို ေဖေဖာ္ဝါရီလကုန္၌ ၿပီး စီးႏိုင္မည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here