မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

0
151

မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား အမည်မသိလက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၁၅ ရက်ည ၈ နာရီကျော်ခန့်တွင် စတင်ပစ် ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲသံတစ်ချက်အရင်ကြားရလို့ ဘယ်မှာဖြစ်တာလဲနားထောင်နေတုန်း ရဲစခန်းဖက်ကနေ သေနတ်ပစ်သံတွေကြားရတာ အပြန် အလှန်ပစ်သံတွေပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား အ ဝေးမှစတင်ပစ်ခတ်၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။

“စပစ်ထဲကအဝေးကပစ်တာ သေနတ်တွေနဲ့လည်းအဝေးကပစ်တယ် အနီးကပ်တော့မဟုတ်ပါဘူး ထိခိုက်ဒဏ်ရာရတာမရှိဘူး အပျက်အစီးအ နည်းငယ်တော့ရှိတယ်”ဟုရဲအရာရှိတစ်ဦးကပြော သည်။

အဆိုပါ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းသည် မြဝတီမြို့နှင့် မိုင်အနည်းငယ်ကွာ ဝေးကာအခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များထပ်မံရောက်ရှိလာခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here