“အမေရိကန်ဒေါ်လာအပေါ်မှာ မှီခိုမှုကို လျော့ချနိုင်ဖို့အတွက် ယွမ်-ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှု ဆောင်ရွက်ခြင်းဖြစ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြေ

0
158

“အမေရိကန်ဒေါ်လာအပေါ်မှာ မှီခိုမှုကိုလျော့ချနိုင်ဖို့အတွက် ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုဆောင်ရွက်ခြင်းဖြစ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြား ကုန်သွယ်မှုလုပ် ငန်းများ ပြန်လည်စတင်ရာတွင် နှစ်နိုင်ငံ ငွေပေး ချေမှုများနှင့်ပတ်သက်၍ နစက ၏ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်န ဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဇန်နဝါရီ ၁၁ ရက်ကစပြီး မူဆယ်နယ်စပ် ပို့ကုန်တွေမှာ ပို့ကုန် ၇ မျိုးနဲ့သွင်းကုန် ၃၁ မျိုးကို ဘဏ်စနစ်နဲ့သာပေးချေတင်သွင်း တင်ပို့ခွင့်ပြုနေပြီဖြစ်ပါတယ် ငွေသားပေးချေတဲ့နေရာမှာ မြန်မာဘဏ်နဲ့ တရုတ်ဘဏ် တစ်ခုနဲ့တစ်ခု ယွမ်-ကျပ် တိုက် ရိုက်ဖလှယ်သုံးစွဲကြတော့မှာဖြစ်ပါတယ်”ဟုပြော သည်။

ဘဏ်စနစ်များအဆင်ပြေလာပါက ဆက်လက်ပို့ဆောင်မည့် ပို့ကုန်သွင်းကုန်များအား ဘဏ်စနစ်ဖြင့်ပင် ကုန်သွယ်မှုပြုလုပ်သွားစေမည်ဖြစ်ကာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရန်အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန်နှင့်အမေရိကန်ဒေါ် လာအပေါ်မှီခိုမှုအားလျော့ချနိုင်ရန်တို့အတွက် ဗဟိုဘဏ်မှ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၌ ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုမှု၊ပေးချေမှုဆောင်ရွက်ခဲ့ပြီးကြောင်းထုတ်ပြန်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“နိုင်ငံတော်ရဲ့အခွန်ရငွေတွေကို တရားဝင်ဘဏ်လမ်းကြောင်းကအသုံးပြုပြီး ယွမ်နဲ့ကျပ်နဲ့ တိုက် ရိုက်လဲလှယ်အသုံးပြုမှုကနေ မှန်မှန်ကန်ကန်ရရှိစေတဲ့ အကျိုးကျေးဇူးတွေ ယွမ်နဲ့ကျပ် နှစ်နိုင်ငံတိုက်ရိုက်အသုံးပြုပေးချေနိုင်တာကြောင့် ငွေ ကြေးပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လာနိုင်ပြီး ဒေသတွင်းစီးပွားရေးစနစ်ကို တိုးမြှင့်ပြီးနှစ်နိုင်ငံအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ်လို့ မျှော်မှန်းပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ကိုဗစ်(၁၉)ရောဂါကန့်သတ်ချက်များကြောင့် တ ရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံကြားတွင် ဆက်သွယ်ပူး ပေါင်းဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးမှုများရှိခဲ့သည်ဟုလည်း ပြောသည်။

Zaw Gyi









LEAVE A REPLY

Please enter your comment!
Please enter your name here