ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် လှူဒါန်းသည့် Spuntnik Light ကိုဗစ်(၁၉)‌ရောဂါကာကွယ်ဆေး ၄ သိန်းရောက်ရှိ

0
159

ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအ မှတ်အဖြစ်လှူဒါန်းသည့် Spuntnik Light ကိုဗစ်(၁၉)‌ရောဂါကာကွယ်ဆေး ၄ သိန်းရောက်ရှိ

ရုရှားနိုင်ငံကလှူဒါန်းသည့် ရုရှားနိုင်ငံထုတ် လူတစ်ဦးလျင်တစ်ကြိမ်သာထိုးရန်လိုအပ်သည့် Spuntnik Light ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၄ သိန်းသည် ဇန်နဝါ ရီ ၁၃ ရက်က ရန်ကုန်လေ ဆိပ်သို့ရောက်ရှိခဲ့သည်။

ရောက်ရှိလာသည့် ကာကွယ်ဆေးများအား ရုရှားနိုင်ငံသံအမတ်ကြီး H.E Dr. Nikolay Listopadov ကလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်းမဆောင်၌လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ကိုဗစ်(၁၉)ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူဖြစ်စေဖို့အ တွက် လှူဒါန်းရခြင်းဖြစ်ပါတယ် ရှေ့ဆက်ပြီး ရုရှား-မြန်မာချစ်ကြည်ရင်းနှီးစွာနဲ့ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် သွားမှာပါ”ဟု ရုရှားနိုင်ငံသံအမတ်ကြီးကပြော သည်။

ကိုဗစ်(၁၉)ရောဂါကြောင့် ပြည်သူများအနေဖြင့် လူမှုစီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်(၁၉) ရောဂါတတိယလှိုင်းအား နစက၏ ဦးဆောင်မှု၊ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ကာ ထပ်မံပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ်နိုင်ရန် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။

“ရုရှားနိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ်အ ဖြစ် လှူဒါန်းတဲ့ Spuntnik Light ကိုဗစ်(၁၉)ကာ ကွယ်ဆေးတွေဟာ မြန်မာနိုင်ငံရဲ့ ကိုဗစ်(၁၉)ကပ်ရောဂါထိန်းချုပ်ရေးအတွက် အထောက်အကူပြုပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

ရုရှားနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးများရောက်ရှိခဲ့ပြီးဖြစ်ကာ ဇန်နဝါရီ ၁၆ ရက်တွင်လည်း ရုရှားနိုင်ငံမှဝယ်ယူထားသည့် Spuntnik Light ကာကွယ်ဆေး ၆ သိန်းထပ်မံရောက်ရှိလာမည်ဖြစ်သည်။

Zaw Gyi

႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအထိမ္းအ မွတ္အျဖစ္လႉဒါန္းသည့္ Spuntnik Light ကိုဗစ္(၁၉)‌ေရာဂါကာကြယ္ေဆး ၄ သိန္းေရာက္ရွိ

႐ုရွားႏိုင္ငံကလႉဒါန္းသည့္ ႐ုရွားႏိုင္ငံထုတ္ လူတစ္ဦးလ်င္တစ္ႀကိမ္သာထိုးရန္လိုအပ္သည့္ Spuntnik Light ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး ၄ သိန္းသည္ ဇန္နဝါ ရီ ၁၃ ရက္က ရန္ကုန္ေလ ဆိပ္သို႔ေရာက္ရွိခဲ့သည္။

ေရာက္ရွိလာသည့္ ကာကြယ္ေဆးမ်ားအား ႐ုရွားႏိုင္ငံသံအမတ္ႀကီး H.E Dr. Nikolay Listopadov ကေလဆိပ္ရွိ အေရးႀကီးပုဂၢိဳလ္မ်ားဧည့္ခန္းမေဆာင္၌လႊဲေျပာင္းေပးအပ္ရာ က်န္းမာေရးဝန္ ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက လက္ခံရယူခဲ့သည္။

“ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္(၁၉)ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းစဥ္ေတြမွာ အေထာက္အကူျဖစ္ေစဖို႔အ တြက္ လႉဒါန္းရျခင္းျဖစ္ပါတယ္ ေရွ႕ဆက္ၿပီး ႐ုရွား-ျမန္မာခ်စ္ၾကည္ရင္းႏွီးစြာနဲ႔ကပ္ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ သြားမွာပါ”ဟု ႐ုရွားႏိုင္ငံသံအမတ္ႀကီးကေျပာ သည္။

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ျပည္သူမ်ားအေနျဖင့္ လူမႈစီးပြားေရးလုပ္ငန္းမ်ားတြင္ ထိခိုက္မႈမ်ား ႀကဳံေတြ႕ခဲ့ရၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ကိုဗစ္(၁၉) ေရာဂါတတိယလႈိင္းအား နစက၏ ဦးေဆာင္မႈ၊က်န္းမာေရးဝန္ထမ္းမ်ား၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားျဖင့္ အခ်ိန္တိုအတြင္းထိန္းခ်ဳပ္ႏိုင္ခဲ့ကာ ထပ္မံေပၚေပါက္လာမည့္ ကိုဗစ္လႈိင္းမ်ားအား ထိန္းခ်ဳပ္ႏိုင္ရန္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးသည္ အေရးႀကီးသည့္အခန္းက႑မွပါဝင္သည္ဟု က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

“႐ုရွားႏိုင္ငံက ခ်စ္ၾကည္ေရးအထိမ္းအမွတ္အ ျဖစ္ လႉဒါန္းတဲ့ Spuntnik Light ကိုဗစ္(၁၉)ကာ ကြယ္ေဆးေတြဟာ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္(၁၉)ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အေထာက္အကူျပဳပါတယ္”ဟုျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

႐ုရွားႏိုင္ငံမွလႉဒါန္းသည့္ ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆးမ်ားေရာက္ရွိခဲ့ၿပီးျဖစ္ကာ ဇန္နဝါရီ ၁၆ ရက္တြင္လည္း ႐ုရွားႏိုင္ငံမွဝယ္ယူထားသည့္ Spuntnik Light ကာကြယ္ေဆး ၆ သိန္းထပ္မံေရာက္ရွိလာမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here