သာကေတမြို့နယ် (၁၃)ရပ်ကွက်၏ ရာအိမ်မှူးလက်ဖက်ရည်သောက်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
81

(Unicode)

သာကေတမြို့နယ် (၁၃)ရပ်ကွက်၏ ရာအိမ်မှူးလက်ဖက်ရည်သောက်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သာကေတမြို့နယ်၊အမှတ်(၁၃)ရပ် ကွက်၏ ရာအိမ်မှူးတစ်ဦးသည် ယနေ့နံနက်ပိုင်းက လဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ် ခတ်ခံရသဖြင့် သေဆုံးခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ရာအိမ်မှူးဦးလှသွင်သည် ဇေယျဝတီ(၂)လမ်းထိပ်ရှိ လဖက်ရည်ဆိုင်၌ထိုင်ကာ လက်ဖက်ရည်သောက်နေစဥ် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အမည်မသိသေနတ်သမားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်၊

“ရာအိမ်မှူးက ဇေယျဝတီ ၄ လမ်းမှာနေတာ သူကလဖက်ရည်ကြိုက်တယ် ဒီနေ့မနက်လည်း ၂ လမ်းထိပ်ကသူထိုင်နေကြဆိုင်ကိုသွားပြီး လက်ဖက်ရည်သောက်ရင်းအပစ်ခံရတာ”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးလှသွင်သည် န ဖူး၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် လူနာ တင်ကားဖြင့် ဆေးရုံသို့ပို့ဆောင်စဥ် လမ်း၌သေ ဆုံးသွားခဲ့သည်။

“စစ်သားတွေကော ရဲတွေကော နောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကော ဆိုင်ကယ်တွေနဲ့လှည့်ပြီး ရပ်ကွက်တွေထဲကိုလိုက်စစ်နေကြတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သာကေတမြို့နယ်ရှိ ခိုင်ရွှေဝါလမ်းမကြီးအားပိတ်ဆို့၍စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ရပ်ကွက်မျအတွင်းသို့ဝင်ရောက်၍ စစ်ဆေးမှာများပြုလုပ်ခဲ့ကြသည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here