အလုံမြို့နယ်၊သခင်မြပန်းခြံရှိ ခရီးသည်တင် YBS 56 ကားနှစ်စီးမိုင်းခွဲဖျက်ဆီးခံရ
ရန်ကုန်မြို့၊အလုံမြို့နယ်၊သခင်မြပန်းခြံရှိ ခရီး သည်တင်ကားဂိတ်တွင်ရပ်ထားသည့် YBS 56 ကားနှစ်စီး ယနေ့နံနက်အစောပိုင်းက အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့နှင့်ပန်းခြံအနီးနေသူများထံမှ သိရသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲပေးနေသည့် YBS 56 ခရီးသည်တင်ယာဥ်နှစ်စီးအား နံနက် ၄ နာရီခွဲကျော်ခန့်က အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ပျက်စီးသွားတဲ့ကားက လေးစီး YBS 56 နှစ်စီးကတော့ တော်တော်ပျက်စီးသွားတယ် ကျန်တဲ့နှစ်စီးကတော့ပျက်စီးတာနည်းတယ်”ဟုရဲအရာရှိတစ်ဦးကပြောသည်။
အဝေးထိန်းမိုင်းနှစ်လုံးမှာ ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီး၏ ဘီးများပေါ်တွင်ကပ်၍တင်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲသံအကျယ်ကြီးနှစ်ချက်ကြားလိုက်တာ တစ်အိမ်လုံးလန့်နိုးလာကြတယ် မနက်အလင်း ရောင်သေချာရတော့မှ အပြင်ထွက်ကြည့်တော့ YBS ဂိတ်မှာပေါက်တာကိုတွေ့ရတာ တစ်စီးက တော့အတော်ပျက်စီးသွားတယ် နှစ်စီးလုံးကို က ရိန်းကားနဲ့ဆွဲသွားတာတွေ့တယ် ကံကောင်းတာကပေါက်ကွဲတဲ့အချိန်မှာ ကားတွေမထွက်သေးတဲ့အချိန် ခရီးသည်တွေ ဖြတ်သွားဖြစ်လာတွေနည်းတဲ့အချိန်ဖြစ်နေတာ”ဟု သခင်မြပန်းခြံအနီးနေသူတစ်ဦးကပြောသည်။
လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာ၏ လမ်းမကြီးအားပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Zaw Gyi
အလုံၿမိဳ႕နယ္၊သခင္ျမပန္းၿခံရွိ ခရီးသည္တင္ YBS 56 ကားႏွစ္စီးမိုင္းခြဲဖ်က္ဆီးခံရ
ရန္ကုန္ၿမိဳ႕၊အလုံၿမိဳ႕နယ္၊သခင္ျမပန္းၿခံရွိ ခရီး သည္တင္ကားဂိတ္တြင္ရပ္ထားသည့္ YBS 56 ကားႏွစ္စီး ယေန႔နံနက္အေစာပိုင္းက အေဝးထိန္းမိုင္းျဖင့္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း ရန္ကုန္ တိုင္းရဲတပ္ဖြဲ႕ႏွင့္ပန္းၿခံအနီးေနသူမ်ားထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေပးေနသည့္ YBS 56 ခရီးသည္တင္ယာဥ္ႏွစ္စီးအား နံနက္ ၄ နာရီခြဲေက်ာ္ခန္႔က အေဝးထိန္းမိုင္းျဖင့္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ၿပီး ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
“ပ်က္စီးသြားတဲ့ကားက ေလးစီး YBS 56 ႏွစ္စီးကေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္ က်န္တဲ့ႏွစ္စီးကေတာ့ပ်က္စီးတာနည္းတယ္”ဟုရဲအရာရွိတစ္ဦးကေျပာသည္။
အေဝးထိန္းမိုင္းႏွစ္လုံးမွာ ေရွ႕ဆင့္ေနာက္ဆင့္ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ကားႏွစ္စီး၏ ဘီးမ်ားေပၚတြင္ကပ္၍တင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ေပါက္ကြဲသံအက်ယ္ႀကီးႏွစ္ခ်က္ၾကားလိုက္တာ တစ္အိမ္လုံးလန္႔ႏိုးလာၾကတယ္ မနက္အလင္း ေရာင္ေသခ်ာရေတာ့မွ အျပင္ထြက္ၾကည့္ေတာ့ YBS ဂိတ္မွာေပါက္တာကိုေတြ႕ရတာ တစ္စီးက ေတာ့အေတာ္ပ်က္စီးသြားတယ္ ႏွစ္စီးလုံးကို က ရိန္းကားနဲ႔ဆြဲသြားတာေတြ႕တယ္ ကံေကာင္းတာကေပါက္ကြဲတဲ့အခ်ိန္မွာ ကားေတြမထြက္ေသးတဲ့အခ်ိန္ ခရီးသည္ေတြ ျဖတ္သြားျဖစ္လာေတြနည္းတဲ့အခ်ိန္ျဖစ္ေနတာ”ဟု သခင္ျမပန္းၿခံအနီးေနသူတစ္ဦးကေျပာသည္။
လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာ၏ လမ္းမႀကီးအားပိတ္ဆို႔၍ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။
