ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ချယ်ရီထက်အား ပုဒ်မ ၅၀၅(က) နဲ့စွဲချက်တင်

0
270

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ချယ်ရီထက်အား ပုဒ်မ ၅၀၅(က) နဲ့စွဲချက်တင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒုရဲအုပ်ဟောင်း မချယ်ရီထက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

“စွဲချက်တင်လိုက်ပါတယ်။၅၀၅(က)နဲ့အပြစ်ရှိတယ်ဆိုပြီးတော့”ဟု ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ရှေ့နေတွေဘက်ကတော့ အရင်စစ်ဆေးခဲ့တဲ့ သက်သေတွေကို ပြန်စစ်ပေးဖို့ တင်ပြခဲ့တာရှိတယ်လို့သိရပါတယ်။

ဇမ္ဗူသီရိမြို့နယ် ရှိ အချုပ်ထောင်အတွင်းက အချုပ်ထောင်အထူးတရားရုံးထဲ စွဲချက်တင်သင့်၊မတင်သင့်ကို ဒီကနေ့ ဇန်နဝါရီ၁၃ရက်မှာ ကြားနာ ပြီး စီရင်ချက်ချလိုက်တာပါ။

ဒုရဲအုပ်ဟောင်းချယ်ရီထက်ဟာ ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုနဲ့ ထောင် ၃နှစ် ချမှတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကဒုရဲအုပ် ချယ်ရီထက်ကို အကျယ်ချုပ်နဲ့ စောင့်ကြည့်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်ကျမှ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူးတစ်ဦးက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

Zaw Gyi

ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူ ခ်ယ္ရီထက္အား ပုဒ္မ ၅၀၅(က) နဲ႔စြဲခ်က္တင္

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ အျဖစ္ တာဝန္ယူခဲ့ဖူးသူ ဒုရဲအုပ္ေဟာင္း မခ်ယ္ရီထက္ကို စြဲဆိုထားတဲ့ ပုဒ္မ ၅၀၅(က) နဲ႔ စြဲခ်က္တင္လိုက္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

“စြဲခ်က္တင္လိုက္ပါတယ္။၅၀၅(က)နဲ႔အျပစ္ရွိတယ္ဆိုၿပီးေတာ့”ဟု ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

ေရွ႕ေနေတြဘက္ကေတာ့ အရင္စစ္ေဆးခဲ့တဲ့ သက္ေသေတြကို ျပန္စစ္ေပးဖို႔ တင္ျပခဲ့တာရွိတယ္လို႔သိရပါတယ္။

ဇမၺဴသီရိၿမိဳ႕နယ္ ရွိ အခ်ဳပ္ေထာင္အတြင္းက အခ်ဳပ္ေထာင္အထူးတရား႐ုံးထဲ စြဲခ်က္တင္သင့္၊မတင္သင့္ကို ဒီကေန႔ ဇန္နဝါရီ၁၃ရက္မွာ ၾကားနာ ၿပီး စီရင္ခ်က္ခ်လိုက္တာပါ။

ဒုရဲအုပ္ေဟာင္းခ်ယ္ရီထက္ဟာ ရဲစည္းကမ္းဥပေဒေဖာက္ဖ်က္မႈနဲ႔ ေထာင္ ၃ႏွစ္ ခ်မွတ္ခံထားရတာလည္းျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းကဒုရဲအုပ္ ခ်ယ္ရီထက္ကို အက်ယ္ခ်ဳပ္နဲ႔ ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၂၃ ရက္က်မွ ဖမ္းဆီးၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဌာနမွ ဒုရဲမႉးတစ္ဦးက တရားလိုျပဳလုပ္ကာ ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္ ၁ ရဲစခန္းမွာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here