နောင်ချိုမြို့တွင်ကိုယ်ပိုင်ကားပေါ်မှ ရန်ကုန်တိုင်းသို့သယ်လာသည့် စိတ်ကြွဆေးပြား ၆ သိန်းဖမ်း မိ

0
104

နောင်ချိုမြို့တွင်ကိုယ်ပိုင်ကားပေါ်မှ ရန်ကုန်တိုင်းသို့သယ်လာသည့် စိတ်ကြွဆေးပြား ၆ သိန်းဖမ်း မိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇန်နဝါရီ ၁၀ ရက်ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးဘက်မှ မန္တလေးဘက်သို့ ရဲမင်းအောင်(ခ)ကိုငယ် မောင်းနှင်ကာ လွှမ်းမိုး(ခ)ကိုစိုင်း လိုက်ပါလာသည့် LANDCRUISER ယာဉ်အား သတင်းအရရှာဖွေစစ် ဆေးခဲ့ကြသည်။

ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၆ သိန်း(ဒေသကာ လတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Zaw Gyi

ေနာင္ခ်ိဳၿမိဳ႕တြင္ကိုယ္ပိုင္ကားေပၚမွ ရန္ကုန္တိုင္းသို႔သယ္လာသည့္ စိတ္ႂကြေဆးျပား ၆ သိန္းဖမ္း မိ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ေနာင္ခ်ိဳၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ဇန္နဝါရီ ၁၀ ရက္ညေန ၅ နာရီခြဲခန္႔က မူးယစ္ေဆးဝါးတားဆီးႏွိမ္ နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ လားရႈိးဘက္မွ မႏၲေလးဘက္သို႔ ရဲမင္းေအာင္(ခ)ကိုငယ္ ေမာင္းႏွင္ကာ လႊမ္းမိုး(ခ)ကိုစိုင္း လိုက္ပါလာသည့္ LANDCRUISER ယာဥ္အား သတင္းအရရွာေဖြစစ္ ေဆးခဲ့ၾကသည္။

ယာဥ္ေပၚမွ စိတ္ႂကြေဆးျပား ၆ သိန္း(ေဒသကာ လတန္ဖိုးေငြက်ပ္သိန္း ၃,၀၀၀)အားဖမ္းဆီးရမိခဲ့သည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)မွ ရန္ကုန္တိုင္းသို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ျပစ္မႈက်ဴးလြန္သူႏွစ္ဦးအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ကာဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here