ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ဟု ICRC စာထုတ်

0
515

(Unicode)

ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ဟု ICRC စာထုတ်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ကလေးများသည် လက်နက်ကိုင်ပဋိပက္ခများအကြားတွင်ပင် ဘေးကင်းလုံခြုံသော သင်ကြားရေးပတ်ဝန်းကျင် ရရှိနိုင်ရမည်ဆိုသော ကြေညာချက်တစ်ရပ်အား ယနေ့ ဒီဇင်ဘာ၂၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်မှုတွင် ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်သည့် အကြောင်းလည်း ဖော်ပြခဲ့သည်။

အိုင်စီအာရ်စီသည်ယခုလထဲမှာပင် လိုင်ဇာ၊ရခိုင်ပြည်နယ်မှစစ်ရှောင်များ၊ ချင်းပြည်နယ် မှ ပြည်သူများစသည်တိုကို အထောက်အပံ့ပြုပေးခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အိုင်စီအာရ်စီသည် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီပေးမှု များ ပြုလုပ်ပြီး အကျဉ်းထောင်သို့ သွားရောက်လေ့လာမှုနှင့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုနေသည့် အဖွဲလည်းဖြစ်သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here