ဂျာဗားကျွန်းက ဆီမီရူမီးတောင် နောက်ထပ် ပေါက်ကွဲနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

0
278

ဂျာဗားကျွန်းက ဆီမီရူမီးတောင် နောက်ထပ် ပေါက်ကွဲနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်းက မီးတောင်ဟာ နောက်ထပ် ပေါက်ကွဲနိုင်ပြီး ချော်ရည်ပူတွေ၊ မီးတောင်ပြာတွေနဲ့ ဓာတ်ငွေ့ပူစီးဆင်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆီမီရူမီးတောင်ဟာ ဒီဇင်ဘာ ၄ရက်နေ့က ပေါက်ကွဲခဲ့ပြီး တောင်ခြေကကျေးရွာတွေမှာ အပူရှိန်ပြင်းလွန်းတဲ့မီးတောင်ပြာများ၊ ချော်ရည်များနဲ့ ဓာတ်ငွေ့များ ရောနှောဝင်ရောက်မှုကြောင့် အနည်းဆုံးလူ ၄၈ဦးထက်မနည်း သေဆုံးကာ ၃၆ဦး ပျောက်ဆုံးခဲ့ပါတယ်။

အဲ့ဒီ့အချိန်ကစပြီး အသေးစားပေါက်ကွဲမှုတွေနဲ့ ချော်ရည်၊ ပြာနဲ့ ဓာတ်ငွေ့စီးဆင်းမှုတွေကို နေ့စဉ်နေ့တိုင်း တွေ့မြင်ရပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းကတော့ မီးတောင်ပေါက် ကွဲခဲ့ပြီး နေရာအနှံ့အပြားကို ပြာတွေပြန့်ကျဲသွားခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ မီးတောင်အတွက် သတိပေးချက်အဆင့်ကို အဆင့် ၄စကေးနဲ့ ဒုတိအမြင့်ဆုံးကို မြှင့်တင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ပတ်ကျော် ပထမဆုံးမီးတောင်ပေါက်ကွဲခဲ့ချိန်ကစပြီး လူပေါင်း ၁၀,၀၀၀ ကျော် ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

သမ္မတဂျိုကိုဝီဒိုဒိုကတော့ ဒီဇင်ဘာ ၇ရက်နေ့က ထိခိုက်မှုခံစားနေရတဲ့ ဒေသတွေကို သွားရောက်ခဲ့ပြီး ဒေသခံတွေရဲ့ ပြောင်းရွှေ့နေထိုင်မှု အတွက် အစိုးရအနေနဲ့ စဉ်းစားနေကြောင်းလည်းပြောခဲ့ပါတယ်။

Source-NHK
Photo credit- New York Post

ဂ်ာဗားကြၽန္းက ဆီမီ႐ူမီးေတာင္ ေနာက္ထပ္ ေပါက္ကြဲႏိုင္ေၾကာင္း သတိေပးခ်က္ထုတ္ျပန္

အင္ဒိုနီးရွားႏိုင္ငံ၊ဂ်ာဗားကြၽန္းက မီးေတာင္ဟာ ေနာက္ထပ္ ေပါက္ကြဲႏိုင္ၿပီး ေခ်ာ္ရည္ပူေတြ၊ မီးေတာင္ျပာေတြနဲ႔ ဓာတ္ေငြ႕ပူစီးဆင္းမႈေတြ ျဖစ္ေပၚႏိုင္ေၾကာင္း အင္ဒိုနီးရွားအာဏာပိုင္ေတြက သတိေပးထားပါတယ္။

ဆီမီ႐ူမီးေတာင္ဟာ ဒီဇင္ဘာ ၄ရက္ေန႔က ေပါက္ကြဲခဲ့ၿပီး ေတာင္ေျခကေက်း႐ြာေတြမွာ အပူရွိန္ျပင္းလြန္းတဲ့မီးေတာင္ျပာမ်ား၊ ေခ်ာ္ရည္မ်ားနဲ႔ ဓာတ္ေငြ႕မ်ား ေရာေႏွာဝင္ေရာက္မႈေၾကာင့္ အနည္းဆုံးလူ ၄၈ဦးထက္မနည္း ေသဆုံးကာ ၃၆ဦး ေပ်ာက္ဆုံးခဲ့ပါတယ္။

အဲ့ဒီ့အခ်ိန္ကစၿပီး အေသးစားေပါက္ကြဲမႈေတြနဲ႔ ေခ်ာ္ရည္၊ ျပာနဲ႔ ဓာတ္ေငြ႕စီးဆင္းမႈေတြကို ေန႔စဥ္ေန႔တိုင္း ေတြ႕ျမင္ရပါတယ္။

တနဂၤေႏြေန႔မနက္ပိုင္းကေတာ့ မီးေတာင္ေပါက္ ကြဲခဲ့ၿပီး ေနရာအႏွံ႔အျပားကို ျပာေတြျပန္႔က်ဲသြားခဲ့ပါတယ္။

တာဝန္ရွိသူေတြဟာ မီးေတာင္အတြက္ သတိေပးခ်က္အဆင့္ကို အဆင့္ ၄စေကးနဲ႔ ဒုတိအျမင့္ဆုံးကို ျမႇင့္တင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ပတ္ေက်ာ္ ပထမဆုံးမီးေတာင္ေပါက္ကြဲခဲ့ခ်ိန္ကစၿပီး လူေပါင္း ၁၀,၀၀၀ ေက်ာ္ ဟာ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကရပါတယ္။

သမၼတဂ်ိဳကိုဝီဒိုဒိုကေတာ့ ဒီဇင္ဘာ ၇ရက္ေန႔က ထိခိုက္မႈခံစားေနရတဲ့ ေဒသေတြကို သြားေရာက္ခဲ့ၿပီး ေဒသခံေတြရဲ႕ ေျပာင္းေ႐ႊ႕ေနထိုင္မႈ
အတြက္ အစိုးရအေနနဲ႔ စဥ္းစားေနေၾကာင္းလည္းေျပာခဲ့ပါတယ္။

Source-NHK
Photo credit- New York Post


LEAVE A REPLY

Please enter your comment!
Please enter your name here