ပရိသတ်က ဆုချတဲ့ ဆုရငွေများ၊ ပြက္ခဒိန်ရိုက်ကူးရင်းရရှိတဲ့ အနုပညာငွေများနဲ့ မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်မယ့် မင်းရွှေရောင်တင်

0
46

putuu

တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့သား မင်းရွှေ ရောင်တင်ရဲ့ မွေးနေ့ကတော့ နိုဝင်ဘာလ ၉ရက်နေ့ပဲဖြစ်ပါတယ်။ သားဖြစ်သူရဲ့ ၄နှစ်ပြည့် မွေးနေ့ မှာတော့ မိဘနှစ်ပါးကအလှူအတန်းတွေများစွာပြုလုပ်ပေးမှာဖြစ်သလို သားရဲ့တောင်းဆိုထားမှုအရ မောင်းကုန်းဆရာတော်ထံမှာ ကိုရင်ဝတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ သားဖြစ်သူ မွေးနေ့ အတွက် ပြုလုပ်ပေးမယ့် အလှူအတန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မိခင်ဖြစ်သူ မအေးမမလှိုင်က..

” အဘိုး၊ အဘွားတွေ ရွာမှာ မွေးနေ့အတွက် စာကြည့်တိုက်တစ်ခု၊ တံတားတစ်စင်း လှူဒါန်းမယ်။ ပြီးတော့ မိဘမဲ့ ကျောင်းအတွက် ရေကန်၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် စာရေးကိရိယာ လှူဒါန်းမယ်။ မောင်းကုန်းဆရာတော် ပရဟိတအတွက်လည်း ကားတစ်စီးလှူဒါန်းခဲ့ပြီးပါပြီ။ သားလေးကိုချစ်တဲ့ ပရိသတ်ကြီးကပေးတဲ့ ဆုရငွေတွေ၊ ပြက္ခဒိန်ရိုက်ကူးလို့ရတဲ့ အနုပညာငွေတွေစုပြီး လှူဒါန်းလိုက်ပါတယ်။ သားသားနဲ့သားကိုချစ်တဲ့ ပရိသတ် ကြီးရဲ့ အလှူလေးပါ။ ပရိသတ်ကြီးနဲ့ သားသားရဲ့ ကုသိုလ်တွေပါ” လို့ ပြောပါတယ်။ မင်းရွှေရောင်တင်အနေနဲ့ ကိုရင်ဝတ်တာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here