ကုလသမဂ္ဂရဲ့ မြန်မာပြည်တွင်းရေးဖြစ်စဥ်တွေအပေါ် ထုတ်ပြန်ချက်များအား နိုင်ငံခြားရေးဝန်ကြီး ဌာနက ကန့်ကွက်ကြောင်းထုတ်ပြန်

0
187

(Unicode)

ကုလသမဂ္ဂရဲ့ မြန်မာပြည်တွင်းရေးဖြစ်စဥ်တွေအပေါ် ထုတ်ပြန်ချက်များအား နိုင်ငံခြားရေးဝန်ကြီး ဌာနက ကန့်ကွက်ကြောင်းထုတ်ပြန်

ဒီဇင်ဘာ ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ဇဗ္ဗူသီရိမြို့နယ်က အထူးတရားရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာပြည်တွင်းရေးအပေါ်ဝင်ရောက်စွက်ဖက်တဲ့ ထုတ်ပြန်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်နေ့မှာ ကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့ပါတယ်။

နစက ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အ ထက်ပါကိစ္စအခြေအနေမှန်ကို နိုင်ငံပိုင်သတင်းစာတွေမှာ အချိန်နဲ့တစ်ပြေးညီ ရှင်းလင်းအသိပေးပြီးဖြစ်ပြီး တရားရုံးရှေ့မှာ မည်သူမဆို တန်းတူဖြစ်ပြီး တရားဥပဒေအထက်မှာ မည်သူမျှမရှိလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံး ဆုံးဖြတ်ချက်အပေါ် တစ်ဖက်သတ်ဝေဖန်သုံးသပ်နေခြင်းက သင့်လျော်မှုမရှိ။အခုလို ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ပြည်တွင်းရေးကို စွက်ဖက်ရာရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ နိုင်ဂျာ အမြဲ တမ်းကိုယ်စားလှယ် Mr. Abdou Abarry က မြန် မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီသတင်းထုတ်ပြန်ချက်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မ ဟာမင်းကြီး Ms. Michelle Bachelet ၊မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrews နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆို ခွင့်ရှိသူ Mr. Stephane Dujarric တို့က သတင်းထုတ်ပြန်ချက်တွေကို အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

အလားတူပဲ ဒီဇင်ဘာ ၅ ရက်ကဖြစ်ပွားခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ်ဖြစ်စဥ်ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ကုလ သမဂ္ဂယာယီ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan တို့ကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတစ်ချို့ကလည်း တစ်ဖက်သတ်ကြေညာ ချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။

ကြည့်မြင်တိုင်မြို့နယ်ဖြစ်စဥ်ကိုလည်း ဒီဇင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အတိအ လင်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့ နစကရဲ့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေဟာ ဖြစ်စဉ်အမှန်ကိုထင်ဟပ်ခြင်းမရှိဘဲ တိကျသေချာစွာ စိစစ်ထားခြင်းမရှိတဲ့ အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ သတင်းမှားတွေနဲ့ မမှန်မကန် စွပ်စွဲ ချက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကိုးကားထားတာကိုတွေ့ရှိရတယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေး ကိစ္စရပ်တွေကို စွက်ဖက်ပြီး သတင်းမှားတွေကို အခြေခံတဲ့ ထုတ်ပြန်ကြေညာချက်တွေကို နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံ ခြားသံရုံးတွေက တာဝန်ရှိသူတွေအနေနဲ့ အတည်မပြုရသေးတဲ့ သတင်းတွေအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တွေ ဆက်လက်မပြုလုပ်ကြဖို့နဲ့ ကုလ သမဂ္ဂရဲ့ စံနှုန်းတွေနဲ့ ဗီယင်နာကွန်ဗင်းရှင်းပါ ပြ ဌာန်းချက်တွေကို လေးစားလိုက်နာကြဖို့ နစက ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းရေးသားထုတ်ပြန်ခဲ့ပါတယ်။

(Zawgyi)

ကုလသမဂၢရဲ့ ျမန္မာျပည္တြင္းေရးျဖစ္စဥ္ေတြအေပၚ ထုတ္ျပန္ခ်က္မ်ားအား နိုင္ငံျခားေရးဝန္ႀကီး ဌာနက ကန့္ကြက္ေၾကာင္းထုတ္ျပန္

ဒီဇင္ဘာ ၆ ရက္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ဇဗၺဴသီရိၿမိဳ႕နယ္က အထူးတရား႐ုံးကေန နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔အေပၚခ်မွတ္ခဲ့တဲ့ ျပစ္ဒဏ္ေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢရဲ့ ျမန္မာျပည္တြင္းေရးအေပၚဝင္ေရာက္စြက္ဖက္တဲ့ ထုတ္ျပန္ခ်က္ေတြကို နိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၉ ရက္ေန႔မွာ ကန့္ကြက္ေၾကာင္းစာထုတ္ျပန္ခဲ့ပါတယ္။

နစက ရဲ့နိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ အ ထက္ပါကိစၥအေျခအေနမွန္ကို နိုင္ငံပိုင္သတင္းစာေတြမွာ အခ်ိန္နဲ႔တစ္ေျပးညီ ရွင္းလင္းအသိေပးၿပီးျဖစ္ၿပီး တရား႐ုံးေရွ႕မွာ မည္သူမဆို တန္းတူျဖစ္ၿပီး တရားဥပေဒအထက္မွာ မည္သူမၽွမရွိလို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ အခ်ဳပ္အျခာအာဏာပိုင္နိုင္ငံတစ္နိုင္ငံရဲ့ ျပည္တြင္းတရားစီရင္ပိုင္ခြင့္ရွိတဲ့ တရား႐ုံး ဆုံးျဖတ္ခ်က္အေပၚ တစ္ဖက္သတ္ေဝဖန္သုံးသပ္ေနျခင္းက သင့္ေလ်ာ္မွုမရွိ။အခုလို ေဆာင္ရြက္ခ်က္ေတြဟာ ျမန္မာနိုင္ငံရဲ့ တရားစီရင္ေရးနဲ႔ ျပည္တြင္းေရးကို စြက္ဖက္ရာေရာက္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေရးသားထားပါတယ္။

ကုလသမဂၢလုံျခဳံေရးေကာင္စီဥကၠ႒ နိုင္ဂ်ာ အျမဲ တမ္းကိုယ္စားလွယ္ Mr. Abdou Abarry က ျမန္ မာနိုင္ငံဆိုင္ရာလုံျခဳံေရးေကာင္စီသတင္းထုတ္ျပန္ခ်က္၊ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မ ဟာမင္းႀကီး Ms. Michelle Bachelet ၊ျမန္မာ နိုင္ငံလူ႔အခြင့္အေရးအေျခအေနဆိုင္ရာအထူးအစီရင္ခံစာတင္သြင္းသူ Mr. Thomas Andrews နဲ႔ ကုလသမဂၢအတြင္းေရးမွူးခ်ဳပ္ရဲ့ ေျပာေရးဆို ခြင့္ရွိသူ Mr. Stephane Dujarric တို႔က သတင္းထုတ္ျပန္ခ်က္ေတြကို အသီးသီးထုတ္ျပန္ခဲ့ၾကပါတယ္။

အလားတူပဲ ဒီဇင္ဘာ ၅ ရက္ကျဖစ္ပြားခဲ့တဲ့ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ျဖစ္စဥ္ကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၊ ကုလသမဂၢ အတြင္းေရးမွူးခ်ဳပ္ရဲ့ ေျပာေရးဆိုခြင့္ရွိသူနဲ႔ ကုလ သမဂၢယာယီ ဌာေနကိုယ္စားလွယ္ Mr. Ramanathan Balakrishnan တို႔ကသတင္းထုတ္ျပန္ခဲ့ၾကပါတယ္။ျမန္မာနိုင္ငံအေျခစိုက္ နိုင္ငံျခားသံ႐ုံးတစ္ခ်ိဳ႕ကလည္း တစ္ဖက္သတ္ေၾကညာ ခ်က္ေတြထုတ္ျပန္ခဲ့ၾကပါတယ္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ျဖစ္စဥ္ကိုလည္း ဒီဇင္ဘာ ၇ ရက္ထုတ္ နိုင္ငံပိုင္သတင္းစာေတြမွာ အတိအ လင္းထုတ္ျပန္ထားၿပီးျဖစ္တယ္လို႔ နစကရဲ့ နိုင္ငံ ျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢကထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ေတြဟာ ျဖစ္စဥ္အမွန္ကိုထင္ဟပ္ျခင္းမရွိဘဲ တိက်ေသခ်ာစြာ စိစစ္ထားျခင္းမရွိတဲ့ အြန္လိုင္းေပၚမွာပ်ံ႕ႏွံ့ေနတဲ့ သတင္းမွားေတြနဲ႔ မမွန္မကန္ စြပ္စြဲ ခ်က္ေတြကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ ကိုးကားထားတာကိုေတြ႕ရွိရတယ္လို႔ ထုတ္ျပန္ေရးသားထားပါတယ္။

အခုလို ျမန္မာနိုင္ငံရဲ့ ျပည္တြင္းတရားစီရင္ေရး ကိစၥရပ္ေတြကို စြက္ဖက္ၿပီး သတင္းမွားေတြကို အေျခခံတဲ့ ထုတ္ျပန္ေၾကညာခ်က္ေတြကို နိုင္ငံ ျခားေရးဝန္ႀကီးဌာနက ျပင္းထန္စြာ ကန႔္ကြက္တယ္လို႔လည္း ေရးသားထားပါတယ္။

ဒါ့ေၾကာင့္ ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ နိုင္ငံ ျခားသံ႐ုံးေတြက တာဝန္ရွိသူေတြအေနနဲ႔ အတည္မျပဳရေသးတဲ့ သတင္းေတြအေပၚ တစ္ဖက္သတ္စြပ္စြဲခ်က္ေတြ ဆက္လက္မျပဳလုပ္ၾကဖို႔နဲ႔ ကုလ သမဂၢရဲ့ စံႏွုန္းေတြနဲ႔ ဗီယင္နာကြန္ဗင္းရွင္းပါ ၿပ ဌာန္းခ်က္ေတြကို ေလးစားလိုက္နာၾကဖို႔ နစက ရဲ့နိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းေရးသားထုတ္ျပန္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here