(Unicode)
19+အဆင့်အဖြစ် သတ်မှတ်ခံထားရတဲ့ Now We Are Breaking Up
ဒီနေ့ညမှာ ထုတ်လွှင့်မယ့် Now We Are Breaking Up အပိုင်း(၁)ကို 19+ အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Ha Young Eun (Song Hye Kyo) နဲ့ Yoon Jae Gul(Jang Ki Yong)တို့ဟာ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ကိုယ်စီလှပတဲ့အသွင် အ ပြင်နဲ့ တယောက်နဲ့တယောက် ချဉ်းကပ်လို့မရတဲ့ အနေအထားမျိုးမှာ အချင်းချင်းအကြည့်တွေက စူးရှနေခဲ့ပါတယ်။
ဒရာမာထုတ်လုပ်သူတွေကတော့ Ha Young Eun နဲ့ Yoon Jae Guk တို့ဟာ ပထမဆုံးတွေ့ဆုံမှုမှာတင် သူတို့ရဲ့အချစ်ဇာတ်လမိးအစကို ရဲရဲတင်းတင်းနဲ့ဆွဲဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အပိုင်း၁ ရဲ့ ဘယ်အခန်းကို 19+ သတ်မှတ်ထားတယ်ဆိုတာကို ပရိတ်သတ်တွေကိုယ်တိုင်စောင့်ကြည့်ပြီး အဖြေရှာဖို့လည်း ပြောထားပါသေးတယ်။
(Zawgyi)






