ကျောင်းသား၊ကျောင်းသူတွေ စနေနေ့ကိုပါ ကျောင်းတက်ရမည်

0
420

(Unicode)

ကျောင်းသား၊ကျောင်းသူတွေ စနေနေ့ကိုပါ ကျောင်းတက်ရမည်

အခြေခံပညာစာသင်ကျောင်းတွေကိုစတင်ဖွင့်လှစ်တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ညွှန်ကြားချက်မရှိပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်လောက်ကမှ ညွှန် ကြားချက်ရှိလာတာကြောင့် နိုင်ငံတဝှမ်းလုံးက ကျောင်းသား၊ကျောင်းသူတွေဟာ စနေနေ့မှာပါ ကျောင်းတက်ရောက်ရတော့မှာဖြစ်ပါတယ်။

” ၅ ရက်နေ့အထိညွှန်ကြားချက်မရှိသေးပေမဲ့ ၆ ရက်နေ့မှာသိရတော့ ချက်ခြင်းကျောင်းကိုသွားရတယ် အဲ့နေ့ကတော့ ကျောင်းသား၊ကျောင်းသူတွေ တစ်ယောက်မှမရှိဘဲ ဆရာ၊ဆရာမတွေပဲကျောင်းတက်ရတာပေါ့ အခုလာမဲ့စနေနေ့မှာတော့ ကလေးတွေကိုကျောင်းတက်ရမယ်ဆိုတာကြိုပြီးမှာထားတယ်”လို မူလတန်းပြဆရာမတစ်ယောက်ကပြောပါတယ်။

သိရသလောက်ကတော့ ကိုဗစ်ကြောင့်ပိတ်ရက်ရှည်ဖြစ်သွားတာရယ် စာသင်ချိန်ကလည်း ၁၄ ပတ်ထဲရှိတာရယ်ကြောင့် ကလေးတွေစာသင်ချိန်ပိုရအောင် စီစဥ်လိုက်တာဖြစ်နိုင်ပါတယ် ပုံမှန်ပိတ်ရက်အတိုင်းဆိုရင်စာသင်ချိန်နည်းပါတယ် လို ဆရာမကဆက်ပြောပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here