မဟာမုနိရုပ်ရှင်တော်ကြီး၏ မသိုးသင်္ကန်းကပ် လှူပူဇော်ပွဲကို တန် ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည်

0
147

(Unicode)

မဟာမုနိရုပ်ရှင်တော်ကြီး၏ မသိုးသင်္ကန်းကပ် လှူပူဇော်ပွဲကို တန် ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည်

မန္တလေးမဟာမုနိရုပ်ရှင်တော်ကြီး၏ ၃၂ကြိမ် မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို တန် ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရပါတယ်။

မသိုးသင်္ကန်းတော် ရက်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည် သူတွေ မျက်မြင်တွေ့ရှိပြီး ကြည်ညိုသဒ္ဓါပွါးများနိုင်စေဖို့လည်း စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

မသိုးသင်္ကန်းတော်ရက်လုပ်ရာမှာ ပုံမှန် လူဦးရေ၁၂၀ကျော် အဖွဲ့ ၄ဖွဲ့နဲ့ ရက်လုပ်ရခြင်းဖြစ်သော်လည်း ယခုနှစ်မှာတော့ ကိုဗစ် ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ကာ လူအင်အားကို ထက်ဝက်လောက် လျှော့ချသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

၃၂ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်မှုဖွင့်ပွဲ အခမ်းအနားကို တန်ဆောင်မုန်းလဆန်း၁၄ ရက် (နိုဝင်ဘာ ၁၇ရက်)နံနက် ၈နာရီမှာ စတင် ကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၁၈ရက်)နံနက်ပိုင်းမှာ ရေတော်ဆရာတော်ကြီးမှူးသော ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မဟာမုနိရုပ်ရှင်တော်ကို မျက်နှာသစ်တော်ရေနှင့် ပန်းပေါင်းစုံ၊ရေချမ်း၊ဆွမ်းတို့ကို ဆက်ကပ်ပူဇော် ပြီး မသိုးသင်္ကန်းတော်ကို နံနက်၅နာရီမှာ ကပ် လှူပူဇော်သွားမှာဖြစ်ကြောင်း သိရပါတယ်။

(Zawgyi)

မဟာမုနိ႐ုပ္ရွင္ေတာ္ႀကီး၏ မသိုးသကၤန္းကပ္ လႉပူေဇာ္ပြဲကို တန္ ေဆာင္မုန္းလျပည့္ေန႔တြင္ က်င္းပမည္

မႏၲေလးမဟာမုနိ႐ုပ္ရွင္ေတာ္ႀကီး၏ ၃၂ႀကိမ္ ေျမာက္ မသိုးသကၤန္းကပ္လႉပူေဇာ္ပြဲကို တန္ ေဆာင္မုန္းလျပည့္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း မဟာမုနိ႐ုပ္ရွင္ေတာ္ ေဂါပကအဖြဲ႕မွ သိရပါတယ္။

မသိုးသကၤန္းေတာ္ ရက္လုပ္မႈလုပ္ငန္းစဥ္အဆင့္ဆင့္ကို အနယ္နယ္အရပ္ရပ္က ဘုရားဖူးျပည္ သူေတြ မ်က္ျမင္ေတြ႕ရွိၿပီး ၾကည္ညိဳသဒၶါပြါးမ်ားႏိုင္ေစဖို႔လည္း စီစဥ္ေပးသြားမယ္လို႔ ဆိုပါတယ္။

မသိုးသကၤန္းေတာ္ရက္လုပ္ရာမွာ ပုံမွန္ လူဦးေရ၁၂၀ေက်ာ္ အဖြဲ႕ ၄ဖြဲ႕နဲ႔ ရက္လုပ္ရျခင္းျဖစ္ေသာ္လည္း ယခုႏွစ္မွာေတာ့ ကိုဗစ္ ၁၉ေရာဂါ ႀကိဳတင္ကာကြယ္ေရးအတြက္ ရည္႐ြယ္ကာ လူအင္အားကို ထက္ဝက္ေလာက္ ေလွ်ာ့ခ်သြားမွာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

၃၂ႀကိမ္ေျမာက္ မသိုးသကၤန္းကပ္လႉပူေဇာ္မႈဖြင့္ပြဲ အခမ္းအနားကို တန္ေဆာင္မုန္းလဆန္း၁၄ ရက္ (ႏိုဝင္ဘာ ၁၇ရက္)နံနက္ ၈နာရီမွာ စတင္ က်င္းပမွာျဖစ္ၿပီး တန္ေဆာင္မုန္းလျပည့္ေန႔(ႏိုဝင္ဘာ ၁၈ရက္)နံနက္ပိုင္းမွာ ေရေတာ္ဆရာေတာ္ႀကီးမႉးေသာ ဗုဒၶေဝယ်ာဝစၥအဖြဲ႕က မဟာမုနိ႐ုပ္ရွင္ေတာ္ကို မ်က္ႏွာသစ္ေတာ္ေရႏွင့္ ပန္းေပါင္းစုံ၊ေရခ်မ္း၊ဆြမ္းတို႔ကို ဆက္ကပ္ပူေဇာ္ ၿပီး မသိုးသကၤန္းေတာ္ကို နံနက္၅နာရီမွာ ကပ္ လႉပူေဇာ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here