Now We Are Breaking Up ထဲက ဖက်ရှင် ဒီဇိုင်နာ မဖြစ်ခင် Song Hey Kyo ရဲ့ပုံရိပ်များ
Now We Are Breaking Up ထဲက ဖက်ရှင် ဒီဇိုင်နာ မဖြစ်ခင် Song Hey Kyo ရဲ့ပုံရိပ်များ
November 6, 2021 Popular
Now We Are Breaking Up ထဲက ဖက်ရှင်ဒီဇိုင်နာမဖြစ်ခင် Song Hey Kyo ရဲ့ပုံရိပ်များ
ဆွဲဆောင်မှုရှိပြီး စတိုင်ကျတဲ့ ဖက်ရှင်ဒီဇိုင်နာတယောက်မဖြစ်ခင်မှာ Ha Yong Eun (Song Hey Kyo) ဟာ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်တဲ့ နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကျောင်းသူတယောက်ပါ။
စျေးဝယ်အိတ်အပြည့်နဲ့ လမ်းပေါ်မှာ လမ်း လျှောက်နေတဲ့ Ha Young Eun(Song Hey Kyo) ရဲ့ မျက်လုံးမှာ စူးရှတဲ့အကြည့်တွေ ရှိနေပါတယ်။
သူမရဲ့စူးရှတဲ့အကြည့်နဲ့အတူ အချိုးမကျတဲ့ ဝတ်စားပုံးတွေက ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်ဖို့ ရည်မှန်းထားတဲ့ သူမရဲ့စိတ်အားထက်သန် မှုကို အရိပ်အမြွက်ပြနေပါတယ်။
ဖက်ရှင်လောကကိုနောက်ခံထားပြီး ရိုက်ကူးထားပြီး ဒီဇာတ်လမ်းထဲမှာ Song Hey Kyo က
ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ထားပြီး Jang Ki Young ကတော့ ထက်မြက်ပြီး ဥာဏ် ကောင်းတဲ့ အလွတ်တန်းဓာတ်ပုံဆရာအဖြစ် သရုပ်ဆောင်ထားပါတယ်။
Now We Are Breaking Up ဇာတ်လမ်းကို နိုဝင်ဘာ ၁၂ရက်နေ့၊ကိုရီးယားစံတော်ချိန် ည ၁၀နာရီအချိန်မှာ စတင်ထုတ်လွှင့်ပြသသွားမှာပါ။
Zaw Gyi
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*