ကျောင်းသား၊ကျောင်းသူ ၃၀၀၀ ကျော်သာ ကချင်ပြည်နယ်မှာပြန်တက်

0
398

ကျောင်းသား၊ကျောင်းသူ ၃၀၀၀ ကျော်သာ ကချင်ပြည်နယ်မှာပြန်တက်

တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာပြန်ဖွင့်ခဲ့ပေမဲ့ ကချင်ပြည်နယ်က မြိုနယ် ၁၂ မြိုနယ်ကကျောင်းတွေ မှာတော့ ကျောင်းတက်တဲ့ ကျောင်းသား၊ကျောင်းသူက ၃၂၇၈ ယောက်သာရှိသေးပါတယ်။

ကချင်ပြည်နယ်မှာ ကျောင်းအပ်ထားတဲ့ စာရင်းရှိ ကျောင်းသား၊ကျောင်းသူက တစ်သိန်းကျော်ရှိတာကြောင့် ကျောင်းပြန်တက်သူ အလွန်နည်းနေ သေးပါတယ်။

အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အကုန်လုံးမှာ မူလတန်း ၂၁၃၁ ယောက်၊အလယ်တန်း ၉၅၄ ယောက် နဲ့အထက်တန်း ၁၃၃ ယောက်ရှိတယ်လို နိုဝင်ဘာ ၂ ရက်က ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးပြီးတော့ တစ်နိုင်ငံလုံးက ကျောင်းတွေကို ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီပြန်ဖွင့်ခဲ့တာပါ။

Zaw Gyi

ေက်ာင္းသား၊ေက်ာင္းသူ ၃၀၀၀ ေက်ာ္သာ ကခ်င္ျပည္နယ္မွာျပန္တက္

တစ္ႏိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ႏိုဝင္ဘာ ၁ ရက္ေန႔မွာျပန္ဖြင့္ခဲ့ေပမဲ့ ကခ်င္ျပည္နယ္က ၿမိဳနယ္ ၁၂ ၿမိဳနယ္ကေက်ာင္းေတြ မွာေတာ့ ေက်ာင္းတက္တဲ့ ေက်ာင္းသား၊ေက်ာင္းသူက ၃၂၇၈ ေယာက္သာရွိေသးပါတယ္။

ကခ်င္ျပည္နယ္မွာ ေက်ာင္းအပ္ထားတဲ့ စာရင္းရွိ ေက်ာင္းသား၊ေက်ာင္းသူက တစ္သိန္းေက်ာ္ရွိတာေၾကာင့္ ေက်ာင္းျပန္တက္သူ အလြန္နည္းေန ေသးပါတယ္။အေျခခံပညာေက်ာင္း၊ ပုဂၢလိကေက်ာင္းနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း အကုန္လုံးမွာ မူလတန္း ၂၁၃၁ ေယာက္၊အလယ္တန္း ၉၅၄ ေယာက္ နဲ႔အထက္တန္း ၁၃၃ ေယာက္ရွိတယ္လို ႏိုဝင္ဘာ ၂ ရက္က ျပည္နယ္ပညာေရးမႉး႐ုံးရဲ႕ စာရင္းေတြအရ သိရပါတယ္။

အသက္(၁၂)ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆးထိုးၿပီးေတာ့ တစ္ႏိုင္ငံလုံးက ေက်ာင္းေတြကို ကိုဗစ္ စည္းကမ္းခ်က္ေတြနဲ႔အညီျပန္ဖြင့္ခဲ့တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here