နစက လက်ထက်မှာလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဥ်းသားလေးသောင်းကျော်ရှိတယ်လို့ နစက ဥက္ကဋ္ဌပြော

0
165

(Unicode)

နစက လက်ထက်မှာလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဥ်းသားလေးသောင်းကျော်ရှိတယ်လို့ နစက ဥက္ကဋ္ဌပြော

နစက ကနိုင်ငံကိုစတင်တာဝန်ယူတဲ့အချိန်ကစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဥ်းသားလေးသောင်းကျော်နဲ့အမှုပိတ်သိမ်းမှု လေးထောင်ကျော်ရှိတယ်လို့ နစက ဥက္ကဋ္ဌက နိုဝင်ဘာ ၁ ရက်ည ၈ နာရီ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပြည်ထောင်စုနေ့မှာ ပြစ်ဒဏ်ကျခံနေရတဲ့အကျဥ်းသား ၂၃၃၆၉ ယောက်၊မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသား ၂၃၁၈၄ ယောက်၊သီတင်း ကျွတ်လပြည့်နေ့မှာ အမှုပိတ်သိမ်းပေးခဲ့သူတွေအပါအဝင် အကျဥ်းသား ၅၆၃၆ ယောက်နဲ့ NCA ခြောက်နှစ်ပြည့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အကျဥ်းသား ၁၁၄ ယောက် (စုစုပေါင်း ၄၇၈၆၉ ယောက်)ကို ပြစ်ဒဏ်အသီးသီးကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်”လို့ နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ အမှုပိတ်သိမ်းပေးခဲ့သူပေါင်း ၄၄၃၄ ယောက်ရှိတယ်လို့ နစက ဥက္ကဋ္ဌကမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here