Exo အဖွဲ့ဝင် Chanyeol နားမကြားကလေးတွေရဲ့ နားကြပ်အစားထိုးခွဲစိတ်မှုအတွက် လှူဒါန်းခဲ့

0
271

(Unicode)

Exo အဖွဲ့ဝင် Chanyeol နားမကြားကလေးတွေရဲ့ နားကြပ်အစားထိုးခွဲစိတ်မှုအတွက် လှူဒါန်းခဲ့

နားမကြားကလေးတွေကိုထောက်ပံ့ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Snail of Love က Exo အဖွဲ့ဝင် Chanyeol ဟာ နားမကြားတဲ့ကလေးတွေရဲ့ နားကြပ်အစားထိုးကုသမှုအ တွက် ကုန်ကျစရိတ်တွေကို လှူဒါန်းခဲ့တယ်လို့ အောက်တိုဘာ ၂၉ရက်နေ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

Chanyeol ဟာ မနှစ်ကတည်းက လှူဒါန်းမှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး အခုနှစ် ဇန်နဝါရီ လမှာတော့ နားမကြားတဲ့ကလေးတွေအတွက် ပုံမှန်ထောက်ပံ့သူတစ်ဦးဖြစ်ဖို့ တောင်းဆိုခဲ့ပြီး ကလေးတွေရဲ့ အစားထိုးကုသမှုအတွက် ကုန် ကျစရိတ်တွေကို ထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ် လို့ဆိုပါတယ်။

Chanyeol ရဲ့ လှူဒါန်းမှုကြောင့် နားမကြားတဲ့ကလေး ၂ဦးဟာ အခုချိန်မှာ အကြားစွမ်းရည်ကို ရရှိနေပြီလို့လည်း ဖော်ပြထားပါတယ်။

ကလေးငယ်တွေထဲက တစ်ဦးဟာ အာရုံကြောအစားထိုးခွဲစိတ်မှုခံယူခဲ့ပြီး လက်ရှိမှာ စကားပြောနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးကုသ မှုတွေကို ခံယူလျက်ရှိပြီး ကျန်တဲ့ကလေးတွေကိုလည်း မကြာခင် ခွဲစိတ်မှုခံယူဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Chan Yeol ဟာ အခုလက်ရှိမှာတော့ တောင်ကိုရီးယားစစ်တပ်မှာ စစ်မှုထမ်းဆောင်နေပါတယ်

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here