ရေပန်းစားလာသည့် Delivery လုပ်ငန်းနှင့်ပတ်သက်၍ QUICK DELIVERY လုပ်ငန်း မှ MD ဦးအောင်မျိုးသူ နှင့် တွေ့ဆုံမေးမြန်းခြင်း

0
508

ရေပန်းစားလာသည့် Delivery လုပ်ငန်းနှင့်ပတ်သက်၍ QUICK DELIVERY လုပ်ငန်း မှ MD ဦးအောင်မျိုးသူ နှင့် တွေ့ဆုံမေးမြန်းခြင်း

PPL- မြန်မာနိုင်ငံ မှာ ကိုဗစ် ကာလဖြစ်ကတည်းက Delivery ဝန်ဆောင်မှုတွေ ပိုပြီးခေတ်စားလာတယ်။Delivery ဝန်ဆောင်မှုဟာ ဘယ်လို အားသာချက် အားနည်းချက်တွေ ရှိနိုင်ပါသလဲ။

UAMT – မြန်မာနိုင်ငံမှာ DELIVERY လုပ်ငန်းတွေ ထင်သလောက် မအောင်မြင်သေးပါဘူး ။ ဒီလုပ်ငန်းကြီး ပိုပြီး လူတွေ အသုံးပြုတက်လာအောင် ကျွန်တော်တို့ အများကြီး ကြိုးစား အားထုတ်ဖို့လိုမယ် ။ FIRST COVID မှာတော့ လူတွေ အသုံးပြုမှုဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အဓိကသုံးရတဲ့ အကြောင်းအရင်းကလဲ အပြင်ကို ကိုယ်တိုင် မသွားရဲလို့နဲ့ ၊ အထိအတွေ့ကိုနည်းနိုင်သလောက်နည်းအောင်လို့ ယူဆပါတယ်။ DELIVERY ရဲ့ အားသာချက်က ကိုယ်မှာချင်တဲ့ ပစ္စည်းကို ပို့ဆောင်ခ အသက်သာဆုံးနဲ့ အမြန်ဆုံး ကိုယ့်ဆီရောက်လာတာက အဓိက အချက်ပါ။ အားနည်းချက်တွေက PUBLIC TRANSPORT မရခြင်း ၊ ရန်ကုန်မြို့တွင်း ဆိုင်ကယ်အသုံးပြုခွင့် မရတဲ့ အချက်ကြောင့် အနည်းငယ်အချိန်နောက်ကျတာတွေတော့ ဖြစ်တက်ပါတယ်။

PPL – Delivery လုပ်ငန်းမှာ စိန်ခေါ်မှုတွေက ဘာလဲ။Delivery ပို့တဲ့ ဝန်ထမ်းတွေရဲ့ အလွဲအမှားတွေ မဖြစ်ရအောင်ဘယ်လို စီမံပါသလဲ။

UAMT- စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒီလောကမှာ အရေအတွက် အရမ်းများတယ်။ အမှန်တကယ်စနစ်တကျနဲ့ လုပ်တက်တဲ့ COMPANY တွေ သိပ်မရှိသေးပါဘူး ။ အရင်းအနှီးနည်းနည်းနဲ့ လုပ်လို့ရတဲ့ လုပ်ငန်းလဲဖြစ်တော့ အလွဲလွဲအမှားမှားတွေ လုပ်ကြကိုင်ကြတာတွေတွေ့ရပါတယ်။ တစ်ချို့တွေလဲ ငွေတွေလိမ်လည်တာတွေ၊ ပစ္စည်းပျောက်တာတွေ ၊ ပြသနာတွေကတော့ အစုံပဲတွေ့ရပါတယ် ။ ကျွန်တော်တို့ QUICK DELIVERY က အရင်းအနှီး INVESTMENT များများနဲ့လုပ်တော့ CUSTOMER ရဲ့ယုံကြည်မှုရအောင် အများကြီး ကြိုးစားရပါတယ် ။ DELIVERY ဝန်ထမ်းတွေကို ထိန်းဖို့ကလဲ အရမ်းခက်ခဲပါတယ်။ နယ်ကလာပြီး လုပ်တဲ့ လူတွေ များပါတယ်။ ပညာမတက်တဲ့သူတွေ ၊ ဆိုးတဲ့သူတွေ ၊ လုပ်ငန်း အတွေ့အကြုံမရှိသူတွေ လူပေါင်းစုံ တွေ့ကြုံဆက်ဆံရပါတယ်။ သူတို့ကို လမ်းမှား မရောက်အောင် ၊ အလုပ်အပေါ်မှာရိုးရိုးသားသားနဲ့ ကြိုးစားချင်လာအောင် အတော်လေး ရှင်းပြသွန်သင်ဆုံးမရပါတယ်။

PPL- ဆရာတို့ရဲ့ Quick Delivery ဟာ ဘယ်လို အရာတွေကို ဝန်ဆောင်မှု ပေးပါသလဲ။ပြီးတော့ နည်းပညာပိုင်းဆိုင်ရာကို ဘယ်လို လုပ်ဆောင်ထားပါသလဲ။

UAMT – ကျွန်တော်တို့ရဲ့ TARGET AUDIENCE က ONLINE SHOP တွေပါ။ SOCIAL MEDIA ကို အသုံးပြုပြီး ပစ္စည်းဝယ်သူတွေကို ဝန်ဆောင်မှုပေးတာပါ။ QUICK DELIVERY က IT ကို အခြေခံထားတာပါ။ MOBILE APPLICATION နဲ့ DASKTOP VERSION တွေရှိမယ်။ DELI အပ်ချင်ရင်ဖုန်းဆက်ခေါ်စရာမလိုဘူး။ QUICK APPLICATION ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဝင်ဖြည့်ပေးလိုက်ရုံနဲ့ ကျွန်တော်တို့ပစ္စည်းလာကောက်ပေးပြီး ပို့စေချင်တဲ့နေရာကို သွားရောက်ပို့ဆောင်မှုတွေ ပြုလုပ်ပေးပါတယ်။

PPL – ကာစတန်မာနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းတာဖြစ်လို့ ယုံကြည်မှုကို ဘယ်လို တည်ဆောက်ထားပါသလဲ။

UAMT – ကျွန်တော်တို့ရုံးခန်းတွေ ၊ ကားတွေနဲ့ အလုပ်လုပ်ပုံတွေကို သေချာရှင်းပြတော့ CUSTOMER တော်တော်များများ ယုံကြည်မှုရှိလာပါတယ်။ SOCIAL MEDIA အပိုင်းမှာလဲ REVIEW တွေ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ WEB နဲ့ APPLICATION တွေကို ကြည့်လိုက်ရင် INVESTMENT တော်တော်များများ လုပ်ထားတယ်ဆိုတာ သိတော့ CUSTOMER တွေနဲ့ ယုံကြည်မှုအပိုင်းမှာ အဆင်ပြေပါတယ်။

PPL – ဒီလို ကာလမှာ Delivery အတွက် ငွေရှင်းတဲ့အခါ ငွေသားအခက်အခဲတွေ ရှိတာကြောင့် ဆရာတို့ ဒီအပေါ်မှာ ပြေလည်အောင် ဘယ်လို လုပ်ဆောင်ထားပါသလဲ။

UAMT – BANKING ပြသနာကြောင့် တော်တော်လေး စိတ်ညစ်ရပါတယ်။ CUSTOMER တွေကလည်း BANKING နဲ့ပဲငွေရှင်းပေးတယ် ။ အဲ့တော့ ကျွန်တော်တို့ကလည်း ငွေသားအသုံးပြုမှုကို တက်နိုင်သလောက် လျှော့ချပြီး BANKING ကိုသာ ကြိုးစားပြီး အသုံးပြုရပါတယ်။

PPL – ရန်ကုန်အပြင် အခြား နယ်တွေကို ပို့တဲ့အခါရော အဓိက အခက်အခဲက ဘာတွေလဲ သိပါရစေ။

UAMT – ရန်ကုန်အပြင် နယ်တွေပို့ရတဲ့အခါ ည( ၁၀ ) နာရီကျော်ရင် HIGHWAY ကားလမ်း မောင်းမရတော့ / အချိန်တွေ ကျန့်ကြာတာတွေဖြစ်ပါတယ်။ အဲ့ဒီဥပဒေသာမရှိတော့ရင် နယ်မြို့တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင်သွားမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here